ဂျူးသုတ်သင်ရေးကာလအတွင်း ဂျူးကလေးငယ် ၆၆၉ယောက်ကို ကယ်တင်ခဲ့သူ နီကိုလတ်စ် ၀င်တန် အသက် ၁၀၆နှစ်တွင် ကွယ်လွန်

ဂျူးသုတ်သင်ရေးကာလအတွင်း ဂျူးကလေးငယ် ၆၆၉ယောက်ကို ကယ်တင်ခဲ့သူ နီကိုလတ်စ် ၀င်တန် အသက် ၁၀၆နှစ်တွင် ကွယ်လွန်

ဇူလိုင်-၂ ။        ။ အော့စကာ ရှင်းဒလားနှင့် ရာအူး ဝယ်လင်ဘာ့တို့လို မွန်မြတ်သောလုပ်ရပ်ကို လုပ်ဆောင်ခဲ့သော်လည်း ဒုတိယကမ္ဘစစ် စစ်ကြိုကာလတွင် ချက်ကိုစလိုဗက်ကီးယားမှ ဂျူးအများစုဖြစ်သည့် ကလေးငယ် ၆၆၉ယောက် လွတ်မြောက်ရေး ခင်းကျင်းပုံဖော်ရာတွင် ၎င်းပါဝင်ခဲ့သည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ ရာစုနှစ်ဝက်လောက် ရေငုံနှုတ်ပိတ်နေခဲ့သည့် ဗြိတိန်နိုင်ငံ သား နီကိုလပ်စ် ဝင်တန်မှာ အသက် ၁၀၆နှစ် အရွယ်တွင် ဗုဒ္ဓဟူးနေ့ (ဇူလိုင်၁)က အင်္ဂလန်၊ မဒန်ဟတ်တွင် ကွယ်လွန်သွား ခဲ့ပြီဖြစ်သည်။

ဝင်တန် ယခင်က ဥက္ကဌလုပ်နေသည့် မဒန်ဟတ် Rotary Club က ဝင်တန်သေဆုံးကြောင်းကို ကလပ်၏ ဝက်ဘ်ဆိုက် တွင် ကြေညာခဲ့သည်။ ဝင်တန်မှာ လန်ဒန်၏ အနောက်ဘက် မဒန်ဟတ်တွင် နေထိုင်သွားခဲ့သည်။

၁၉၈၈ခုနှစ်တွင် မဒန်ဟတ် နေအိမ်၏ ထပ်ခိုးပေါ်တွင် ဖုံတက်နေသည့် အမည်မှတ်တမ်းများ၊ ပုံများနှင့် မျိုးတုံးသတ်ဖြတ်သည့် ဟိုလိုကတ်စ်မှ ရွေးနှုတ်ယူခဲ့ရသည့် ဖြစ်ကြောင်းကုန်စင်မှတ်တမ်းများပါသည့် ပုံဆွဲစာအုပ်တစ်အုပ်ကို ဇနီးဖြစ်သူက တွေ့ရှိ သွားခဲ့ရာမှ ဝင်တန်က မိဘများနည်းတူ နာဇီအလုပ်ကြမ်းစခန်းများသို့ ပို့ပြီး သုတ်သင်ရှင်းလင်းပစ်ရန် ရည်ရွယ်ထားသည့် ဂျူးကလေးငယ်များကို ကယ်ဆယ်ခဲ့ရသော်လည်း သမိုင်း၏ မေ့လျော့ခြင်းခံနေခဲ့ရသည့် သူ့အလုပ်အကြောင်းကို ဝင်တန် က ပြန်ပြောင်း ပြောပြလာခဲ့သည်။

ထိုစဉ် ၁၉၃၈ခုနှစ် ဒီဇင်ဘာလက ဝင်တန်မှာ လန်ဒန်မှ စတော့ပွဲစားတစ်ယောက်ဖြစ်ပြီး၊ ရုတ်တရက်ဆိုသလိုပင် ဂျာမနီက သိမ်းပိုက်ထားသည့် ချက်ကိုစလိုဗက်ကီးယား အနောက်ပိုင်းဒေသ ဆူဒီတင်လင်းတွင် ဒုက္ခသည်များကို ကူညီနေသည့် မေတ္တာ ရပ်ခံချက်ဖြင့် ဆွစ်အပန်းဖြေခရီးကို ဖျက်သိမ်းလိုက်ကာ ပရပ်သို့ ထွက်ခွာလာခဲ့သည်။ ‘စကိတ်တွေကို အလုပ်ရှုပ်ခံပြီး သယ်မလာနဲ့တော့’ဟု သူငယ်ချင်း မာတင် ဘလိတ်က ဖုန်းထဲမှ လှမ်းအကြံပေးသည်။

တုန်လှုပ်ခြောက်ချားစရာအခြေအနေတွင် နေထိုင်နေကြရသည့် ဒုက္ခသည်စခန်းကြီးကို ဝင်တန်တွေ့လိုက်ရသည်။ စစ်ကို ရှောင် လအဲနိုင်ဖွယ်မမြင်။ အနောက်သို့ ဂျူးများ ရွှေ့ပြောင်းဝင်ရောက်မှုကို တင်းကျပ်ထားသည့်အခြေအနေတွင် အထူးသဖြင့် ကလေး ငယ်များအတွက် လွတ်မြောက်ရာလမ်းမှာ မျှော်လင့်ချက်မဲ့နေသည်။ သို့ရာတွင် ဗြိတိန်မှာ ချွင်းချက်ဖြစ်နေသေးသည်။

၁၉၃၈ခုနှစ်နှောင်းပိုင်းတွင် ဗြိတိန်က လက်ခံသည့် မိသားစုရှိလျှင် အသက်၁၇နှစ်နှင့်အထက်ရှိသော တစ်ကောင်ကြွက် ဂျူးကလေးငယ်များကို ပြည်ဝင်ခွင့်ပြုသည့် ကလေးသူငယ်သယ်ယူပို့ဆောင်ရေးဟု ခေါ်သည့် အစီအစဉ်တစ်ခုကို စတင်ခဲ့သည်။

ချက်ကိုစလိုဗက်ကီးယားတွင် အခြားအလားတူ အစုလိုက်အပြုံလိုက်ကယ်ဆယ်မှု မရှိခဲ့သေးရာ ဝင်တန်က ဖန်တီးလိုက်ခြင်း ပင်ဖြစ်သည်။  

သို့ရာတွင် အန္တရာယ်များဖြင့် အတိပြီးနေပါသည်။ လာဘ်ထိုးရသည်။ အတုလုပ်ရသည်။ ဂတ်စတာပိုနှင့် လျှို့ဝှက်ဆယ်အသွယ် များလုပ်ရသည်။ ရထားတွဲ၉တွဲ။ တောင်လိုပုံနေသည့် စာရွက်စာတန်းများနှင့် ငွေကိုလည်း ရေလိုသုံးရသည်။

နာဇီထောက်လှမ်းရေးများက သူ့နောက်ကို လိုက်နေသည်။ ပရပ်မှ သူ့ဟိုတယ်အခန်းတွင် တိုင်းတစ်ပါးမှ သူစိမ်းများလက်သို့ အပ်ရခြင်းဖြစ်သော်လည်း သူတို့၏ ကလေးငယ်များ လုံခြုံဘေးကင်းဖို့သာလျှင် အသည်းအသန်ဖြစ်နေကြသည့် တုန်လှုပ်ခြောက်ခြားနေသည့် မိဘများနှင့် တွေ့ရသည်။ သူ့တွင် သူ့မိခင်အပါအဝင် စေတနာ့ဝန်ထမ်း တစ်ယောက်နှစ်ယောက် ရှိသည်။

ကလေးများ၏ ပုံများကို ပုံနှိပ်ပြီး ရံပုံငွေရှာရသည်။ မွေးစားမည့်အိမ်များအတွက် သတင်းစာတွင် ကြော်ငြာရသည်။ ဘုရားကျောင်း များ၊ ဘာသာရေးပွဲများတွင်လည်း ကြေညာချက်ထုတ်ရသည်။

၁၉၃၉ခုနှစ် မတ်လ ၁၄ရက်နေ့တွင် အချိန်ကျရောက်လို့ လာခဲ့သည်။ ဟစ်တလာက ချတ်ပြည်နယ်များဖြစ်သည့် ဘိုဟီးမီးယန်းနှင့် မော်ရေးဗီးယားတို့ကို ဂျာမန်အစောင့်ရှောက်ခံအဖြစ် ခွဲမထုတ်မီ နာရီပိုင်းအလိုတွင် ပထမဆုံး ကလေးအယောက် ၂၀မှာ ပရပ်မှ ရထားဖြင့်ထွက်ခွာလာကြသည်။

ဝင်တန်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များက ကျန်ကလေးများကို ကယ်ထုတ်သွားရန် နောက်ထပ် ရထား၈စင်းကိုလည်း စီစဉ် ထားသေးသည်။ သူနှင့် မွေးစားမိသားစုများက ကလေးငယ်များကို လန်ဒန်တွင် တွေ့ကြသည်။ ဒုက္ခသည်တစ်ဦးစီတွင် အိတ်သေးသေးတစ်လုံးနှင့် နာမည်ကတ်ကိုယ်စီဆွဲလို့ ဖြစ်သည်။

သို့ရာတွင် ရထား၇စင်းနှင့် ဂျူးကလေးငယ် ၆၆၉ယောက်ကို ကယ်ထုတ်ပြီးချိန်၊ ၁၉၃၉ခုနှစ် စက်တင်ဘာ ၁ရက်နေ့တွင်မူ အကြီး မားဆုံးအသုတ် ကလေးငယ် ၂၅၀မှာ နောက်ဆုံးရထားပေါ်တွင် နေရာယူပြီးဖြစ်သော်လည်း ထိုနေ့တွင်ပင် ဟစ်တလာက ပိုလန် ကို ကျူးကျော်ပြီး ဂျာမနီက ထိန်းချုပ်ထားသည့် နယ်စပ်အားလုံးကို ပိတ်ပစ်လိုက်သောကြောင့် ဝင်တန်၏ ကယ်ဆယ်ရေးလုပ်ငန်း ကြီးမှာလည်း တစ်ခန်းရပ်သွားခဲ့ရတော့သသည်။

‘ကြေညာချက်ထွက်ပေါ်လာတဲ့ နာရီပိုင်းအတွင်းမှာပဲ ရထားလည်း ပျောက်ကွယ်သွားခဲ့တယ်။ ရထားပေါ် ပါသွားတဲ့ ကလေး ၂၅၀ကိုလည်း ထပ်မတွေ့ရတော့ဘူး။ အလုပ်ကြမ်းစခန်းတွေမှာ သုတ်သင်ရှင်းလင်းလိုက်ကြပုံရတယ်’’ဟု ဝင်တန်က ပြန်ပြောင်းပြောပြခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly