မြင်းမူတွင်စစ်ကောင်စီဂိတ်စခန်းကိုဒရုန်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိ

By MTO (မဇ္ဈိမ)
16 October 2023
မြင်းမူတွင်စစ်ကောင်စီဂိတ်စခန်းကိုဒရုန်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း GTR-MMU အဖွဲ့ က ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၅ ရက် ညနေပိုင်းတွင် မြောင်လမ်းခွဲရှိ စစ်ကောင်စီတပ်အထိုင်ချရာစစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး ခြောက်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း GTR-MMU အဖွဲ့ တာဝန်ရှိသူက ပြောသည်။

၎င်းက “ သူတို့လမ်းပေါ်မှာ ငွေကြေးကောက်ခံနေတဲ့နေရာကို ဗုံးသီး တလုံးချခဲ့တယ်။ ကျန်တဲ့ ငါးလုံးကတော့ စခန်းထဲပဲ ချခဲ့တယ်။ အထိအခိုက်ကတော့ ၁၀ ဦးပြင်းထန်ဒဏ်ရာရရှိတယ်လို့ သတင်းရရှိခဲ့တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်တွင် ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

မြောင်လမ်းခွဲရှိ စစ်ကောင်စီ ဂိတ်စခန်းတွင် အင်အား ၄၀ ခန့်ရှိပြီး ခရီးသွားပြည်သူများ ကို တင်း ကြပ်စွာ စစ်ဆေးခြင်း ၊ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

,ယခုတိုက်ခိုက်မှုကို GTR-MMU ၊စစ်ကိုင်းခရိုင် တပ်ရင်း(၂)၊တပ်ခွဲ (၂)Ghost Team Ranger Myinmu(GTR-MMU) ၊ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ၊ MyinMu Defence Force(MMDF) ၊ မြင်းခြံခရိုင် တပ်ရင်း(၆) ၊Black Eagle Defence Force / မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#စစ်ကောင်စီဂိတ်စခန်း

#မြင်းမူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly