ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပရန် စစ်ကောင်စီ ပြင်ဆင်နေ

By 007 (မဇ္ဈိမ)
16 October 2023
ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပရန် စစ်ကောင်စီ ပြင်ဆင်နေ
ပုံအညွှန်း-NLD အစိုးရလက်ထက်ကျင်းပခဲ့သည့်ပြင်ဦးလွင်မီးပုံးပျံပွဲမြင်ကွင်း(Photo CJ)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“နှစ်တိုင်း၀င်ပြိုင်နေကျအသင်းတွေ မဖြစ်မနေ၀င်ပြိုင်ရမယ်လို့ အသံထွက်လာပြန်ပြီ။ မနှစ်ကလည်း ဒီအတိုင်းပဲ၊ မပါချင်လည်းပါ ပါချင်လည်းပါဆိုပြီး ဖိအားပေးလို့ ၀င်ပါခဲ့ရတယ်။ မနှစ်က ပွဲမစည်ခဲ့ဘူး၊ အား လပ်ရက်မို့ မေမြို့တက်လာတာတွေတော့ရှိတယ်၊ ဒါပေမယ့် ကွင်းထဲ၀င်လာတာ အတော်နည်းတယ်၊ လောင်းကစားဝိုင်းတွေနဲ့ အရက်ဘီယာဆိုင်တွေနားလောက်ပဲ လူရှိတာ” ဟု လုံခြုံရေးအရ အမည်မဖော် လိုသည့် သတင်းရင်းမြစ်တဦးက ပြောသည်။

နှစ်စဉ်ကျင်းပလေ့ရှိသော ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို COVID-19 ကပ်ရောဂါဖြစ်ပွား သည့် ၂၀၂၀ ပြည့်နှစ်တွင် ပွဲကျင်းပပြုလုပ်ခွင့် တားမြစ်ပိတ်ပင်ခဲ့သည်။

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင်  COVID-19 ကူးစက်ဖြစ်ပွားနေသည့် ကာလဖြစ်သော်လည်း ပွဲကျင်း ပရန်စစ်ကောင်စီက စီစဉ်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ပြုလုပ်နိုင်ခြင်းမရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ်တွင် သုံးလခန့် ကြိုတင်ပြင်ဆင်ခဲ့ရာ အထိုက်အလျောက် စည်ကားခဲ့ကြောင်း သိရသည်။

“မနှစ်ကတော့ မီးပုံးပျံအလုံးပေါင်း ၇၀ ကျော်၀င်ပြိုင်ကြရမယ်လို့ အမိန့်ထုတ်တယ်၊ နှစ်တိုင်း၀င်ပါခဲ့တဲ့ မီးပုံးပျံအသင်းတွေ မပါမဖြစ် ပါပေးခဲ့ရတယ်၊ ဒီနှစ်လည်း ဘယ်လိုဖိအားပေးလာဦးမလဲတော့ မသိသေး ဘူး၊ အခုလောလောဆယ်တော့ ပွဲလုပ်ဖြစ်တယ်၊ ပြိုင်ပွဲ၀င်အသင်းတွေပြင်ဆင်ကြတော့ဆိုတာလောက်ပဲ အကြောင်းကြားထားတာရှိတယ်” ဟု မြို့ခံတဦးက ပြောသည်။

ပုံအညွှန်း - ယမန်နှစ်ကစစ်ကောင်စီကျင်းပသည့် ပွဲမြင်ကွင်း(Photo CJ)

ယမန်နှစ်က ပွဲတော်ကာလအတွင်း  လောင်းကစားဝိုင်းဆိုင်ခန်းပေါင်း ၂၀ ကျော်နှင့် အရက်ဘီယာဆိုင် ၁၀ ဆိုင်ထက်မနည်းရှိခဲ့သော်လည်း ကိုဗစ်ရောဂါမဖြစ်ပွားမီနှစ်များကဲ့သို့ လာရောက်လည်ပတ်သူ မရှိခဲ့ ကြောင်း ဒေသခံများကပြောသည်။

ပြင်ဦးလွင်မီးပုံးပျံပွဲတော်ကို မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားအနီးရှိ မီးပုံးပျံကွင်းအတွင်း နို၀င် ဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်း ပရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

စာတည်း ။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required