NCA သဘောတူညီချက် လုံးဝမရှိတော့ဘဲ တော်လှန်ရေး‌အောင်မြင်တဲ့အထိ ဦးဆောင်တိုက်ပွဲဝင်သွား မယ်လို့ KNU ထုတ်ပြန် (ရုပ်၊သံ)

By KMN(မဇ္ဈိမ)
15 October 2023
NCA သဘောတူညီချက် လုံးဝမရှိတော့ဘဲ တော်လှန်ရေး‌အောင်မြင်တဲ့အထိ ဦးဆောင်တိုက်ပွဲဝင်သွား မယ်လို့ KNU ထုတ်ပြန် (ရုပ်၊သံ)

စစ်ကောင်စီကနေ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုမှု ရှစ်နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာကျင်းပခဲ့တဲ့ NCA ရှစ်နှစ်ပြည့်ပွဲမှာတော့ စစ်ကောင်စီခေါင်းဆောင် က NCA မှာလက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဆွေး နွေးပွဲတွေကို အရောက်လှမ်းလာခဲ့ဖို့ အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းရုံး(KNU)ကတော့ NCA သဘောတူညီချက်လုံးဝမရှိတော့ဘဲ တော်လှန်ရေး ‌အောင်မြင်တဲ့အထိ ရှေ့ကနေ မားမားမတ်မတ်ရပ်ကာ ဦးဆောင်တိုက်ပွဲဝင်သွားမယ်လို့ ဒီကနေ့မှာ တရား ဝင်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

KNU ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတောနီးက အာဏာသိမ်းစစ်တပ် ဟာ NCA စာချုပ် ရှိနေပါသေးတယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ် ရှိနေပါသေးဆိုတာ နိုင်ငံတကာကို လိမ်လည် လှည့်ဖြားနေတာဖြစ်တယ်လို့ KNU က ထုတ်ပြန်တဲ့ရုပ်သံမှာ ပြောကြားခဲ့ပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly