MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၁၆ ဦးသေ

MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၁၆ ဦးသေ

MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၁၆ ဦးသေဆုံးခဲ့သည်ဟု MNDAA က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၄ ရက်တွင် ကိုးကန့်နယ်‌မြေအတွင်း စစ်ကောင်စီဘက်မှ စကခ(၁၂) တပ်ရင်း(၃၃၅) လူအင်အား ၃၀ ကျော်သည် အရပ်သားတစ်ယောက်ကိုဖမ်းဆီးပြီး လမ်းပြအဖြစ် ခေါ်ဆောင်က ကိုးကန့်တပ်စခန်းအနီးသို့ ရောက်ရှိလာ‌ကြောင်း၊ စခန်းနှင့် ငါးမီတာအကွာသို့ အရောက်တွင် MNDAA ဘက်က ဦးစွာပစ်ခတ်ခဲ့‌ကြောင်း၊ တိုက်ပွဲမှာ‌နေ့လယ်၁၂ နာရီ ၅၀မိနစ်ခန့်မှ ၃ နာရီ ၅ မိနစ်အထိ ကြာမြင့်ခဲ့‌ကြောင်း MNDAA က ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာပြီး တပ်သားအချို့ အထိတ်တလန့်ထွက်ပြေးကာ ရုပ်အလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု MNDAA က ထုတ်ပြန်သည်။

တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ၁၆ယောက်‌ ‌သေဆုံးပြီး ၇ယောက်ဒဏ်ရာ ရရှိခဲ့‌ကြောင်း၊သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများမှာ ရိုင်ဖယ် ၁၀ လက်၊ ၆၀ မမ ပစ်အမြောက် ၁ လက် ၊ လက်ပစ်အမြောက် ၁ လက် ၊ ကျည်ဘောက် ၁၄ ခု ၊ ကျည်ဆန် ၂၁၈ တောင့် ၊ အသံလွှင့်စက် ၁ လုံး ၊ လက်ကိုင်ဖုန်း ၁ လုံး ၊ ဂြိုလ်တုဖုန်း ၁ လုံး နှင့် အခြား ထောက်ပံ့ရေးပစ္စည်းအချို့တို့ ဖြစ်သည်ဟု MNDAA က ထုတ်ပြန်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly