မြန်မာနယ်စပ်အနီး အိန္ဒိယ မီဇိုရမ်ပြည်နယ်၌ ရူပီး ၁၂ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မြန်မာနယ်စပ်အနီး အိန္ဒိယ မီဇိုရမ်ပြည်နယ်၌ ရူပီး ၁၂ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မြန်မာနယ်စပ်အနီး အိန္ဒိယ၊ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်း ခရိုင်တွင် ရူပီး ၁၂ ကုဋေ (ကျပ်ငွေ ၃,၀၂၇ သန်းခန့်) တန်ဖိုးရှိ မက်သာဖက်တမင်း ဆေးပြားများကို သိမ်းဆည်းရမိပြီး လူနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း အာသံရိုင်ဖယ်တပ်ဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် ပြောသည်။

အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် ယစ်မျိုးခွန်နှင့် မူးယစ်ဆေးဝါး ဌာနတို့သည် သတင်းပေးမှုတခု ရပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်က မြန်မာနယ်စပ်အနီး Zote ဧရိယာမှ မူးယစ်ဆေးပြား ၄၀,၄၀၀ ခန့်ကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းမိသူများသည် အာသံပြည်နယ်၏ Karimganj မြို့မှ အသက် ၃၂ နှစ်ရှိ အယ်လ်တက်ဘ် အူဒင် နှင့် အသက် ၃၂ နှစ်ရှိ အာနန် အူဒင်တို့ ဖြစ်ကြောင်း အာသံရိုင်ဖယ်တပ်အရ သိရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုတရပ် လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly