တော်လှန်ရေးမှာ ပြည်ပရောက်မြန်မာတွေရဲ့ ထောက်ပံ့မှုဟာ အဓိကဖြစ်လာတယ်(ရုပ်သံ)

By MTO (မဇ္ဈိမ)
13 October 2023
တော်လှန်ရေးမှာ ပြည်ပရောက်မြန်မာတွေရဲ့ ထောက်ပံ့မှုဟာ အဓိကဖြစ်လာတယ်(ရုပ်သံ)

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို မလိုလားတဲ့ ပြည်သူတွေဟာ လမ်းမတွေပေါ် တက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပေမယ့် စစ်‌တပ်က အရက်စက်ဆုံး နည်းလမ်းတွေနဲ့ ဖြိုခွင်းခဲ့ပါတယ်။ 

ဒီအခါမှာတော့ လူငယ်တွေဟာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ အရေးကြီးဆုံး ကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေ ရေရှည်ရပ်တည်နိုင်ရေးအတွက် ထောက်ပံ့မှုတွေပဲ ဖြစ်ပါတယ်။ 

တော်လှန်ရေးကာလ နှစ်နှစ်ခွဲကျော်ကြာလာတဲ့အချိန်မှာတော့ အလှူရှင်တွေရဲ့ ထောက်ပံ့နိုင်မှု လျော့ကျလာတဲ့အခြေအနေတွေ ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်ပရောက် မြန်မာတွေရဲ့ ထောက်ပံ့မှု‌တွေရှိတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက မဇ္ဈိမကို ပြောပါတယ်။    

တည်းဖြတ်၊ တင်ဆက် - MTO

#ချစ်သောအညာမြေ
#အာဏာသိမ်းမှု
#နွေဦးတော်လှန်ရေး
#ထောက်ပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly