ကချင်ပြည်နယ် လိုင်ဇာမြို့က မုန်လိုင်ခက်ဒုက္ခသည်စခန်းကို အောက်တိုဘာလ ၉ ရက်နေ့ညက စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်မှုကြောင့် ကလေးသူငယ်နဲ့ အမျိုးသမီးများအပါအဝင် လူပေါင်းများစွာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ပစ်မှတ်တွင် ကလေးသူငယ်နှင့် အမျိုးသမီးများပါဝင်လေ့ရှိရာ အကာကွယ်ပေးနိုင်ရေး၊ ထောက်ပံ့ကူညီရေးကိစ္စရပ်များကို မဇ္ဈိမ၏ အသစ်ထုတ်လွှင့်လိုက်သော အစီအစဉ်တခုဖြစ်သည့် Women and Children's Hours တွင်
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးကို တွေ့ဆုံမေးမြန်းထားသည်။