သင်္ကြန်ကာလတွင်း ဖမ်းဆီးထားသော ဆိုင်ကယ်များအား တရားရုံးတင်မည်

သင်္ကြန်ကာလတွင်း ဖမ်းဆီးထားသော ဆိုင်ကယ်များအား တရားရုံးတင်မည်

မုံရွာ၊ဧပြီ ၁၉ ။         ။ မုံရွာမြို့တွင် မဟာသြင်္ကန်ကာလအတွင်း ဖမ်းဆီးထားသော ဆိုင်ကယ် ၁၂၈ စီးအား မြို့နယ်တရားရုံးသို့ တင်ပို့သွားမည်ဖြစ် ကြောင်း အမှတ်(၁၇) ယာဉ်ထိမ်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (မုံရွာ) ရဲမှူးခင်ဇော်မြင့် က ပြောသည်။

မဟာသြင်္ကန်ကာလတွင် အိပ်ဇောဖွင့်၍ဆူညံစွာလည်ပတ်သည့် ဆိုင်ကယ်များနှင့် နှင့် လိုင်စင်မပါ ဆိုင်ကယ်များ ဖမ်းဆီးထား ရှိခြင်း ဖြစ်သည်။

"မုံရွာမြို့နဲ့အနီးအနားမြို့နယ်တွေကနေ မုံရွာမြို့သြင်္ကန်ကိုလာရောက်လည်ပတ် ကြတဲ့ ဆိုင်ကယ်တွေဖြစ်ပါတယ်။ အိပ်ဇောဖွင့်ပြီး ဆူညံသံနဲ့ဆိုင်ကယ်တွေ၊ လိုင်စင်မပါတဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးထားတာဖြစ်ပါတယ်။ မြို့နယ် တရားရုံးကိုတရားစွဲဆိုတင်ပို့သွားမှာဖြစ်ပြီး တရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ သွားပါ့မယ်။"ဟု ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ်အတွင်း ပြဌာန်းထားသော မော်တော်ယာဉ် ဥပဒေ ၅၄(ဇ) တွင် ဆိုင်ကယ်အိပ်ဇော ဖွင့်ကာ ဆူညံစွာမောင်းနှင်ခြင်းများအား တရားရုံးတင်ပို့ တရားစွဲဆိုရမည်ဟု ပြဌာန်းထားရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly