နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၀ အောက်တိုဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၀ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

အကြမ်းဖက်စစ်တပ်က ဖျက်အား အလွန်ပြင်းသည့် လက်နက်များနှင့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးက စစ်ဘေးရှောင်ပြည်သူများနေထိုင်သည့် မုန်လိုင်ခက်စခန်းကို အောက်တိုဘာ ၉ရက် က တိုက် ခိုက်ခဲ့ရာ ကလေးသူငယ်များအပါဝင် သေဆုံးသူ (၃၀) ဦးနှင့် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာ ရခဲ့ရာပြည်သူများကို စစ်ရေးပစ်မှတ်သဖွယ် ရည်ရွယ်တိုက်ခိုက်ပြီး အပြည်ပြည်ဆိုင်ရာ လူသား ချင်းစာနာ ထောက်ထားမှု ဥပဒေ (International Humanitarian Law) ကို မထီမဲ့မြင် အကြိမ်ကြိမ် ပြုလုပ်ကာ အားလုံးကို စိန်ခေါ်နေတာပဲဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေး အန္တရာဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ် - မြဝတီ လမ်းဟောင်း၊ အာရှလမ်းမမြေပြိုစဉ် အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ကျားဖြူ တပ်ခွဲ (၄) (Tlbino Tiger Company 4 PDF) က လုံခြုံရေးဆောင်ရွက်နေစဥ် ခရီးသွားပြည်သူများတွေက လှူဒါန်းသွားသည့်ငွေများဖြင့်လက်နက် ခဲယမ်းဝယ်ယူနိုင်ခဲ့ကြောင်း ကျားဖြူ တပ်ခွဲ (၄) က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၂၀/၂၀၂၃)ကို အောက်တိုဘာ ၉ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ နှင့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်း အဝေးကို အောက်တိုဘာ ၉ ရက် က ပြုလုပ်ခဲ့ကြသည်။

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အခြေခံစစ်ပညာ သင်တန်းပြုလုပ်သည်ဟု တနင်္သာရီတိုင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရသည်။

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမ ‌ကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး ‌ကော်မတီ) ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်း ပြောကြားခြင်းဖြစ် သည်။

အကြမ်းဖက်စစ်ကောင်စီက ကချင်၃၀ပြည်နယ်၊ လိုင်ဇာမြို့နယ်၊ မုန်လိုင်ခက် စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) က သဘောထားထုတ်ပြန် ကြေညာခဲ့သည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ ပျူစောထီးများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံထွက်ပြေးလာမှု မကြာခဏဖြစ်နေ၍ စစ်ကောင်စီက ယင်းအခြေအနေကို တား‌ဆီးရန် ကြိုးပမ်းနေကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ဦးဇော်ထက်က ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းသို့ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆုံးရမှုထိတ်လန့်၀မ်းနည်း‌ ‌ကြောင်း ယူနီဆက်ဖ်မြန်မာက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် “အကြပ်အတည်း အားလုံးရဲ့တရားခံဟာ မင်းအောင်လှိုင်ဘဲ” စာ တန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း မုံရွာလူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဂူတဲစုကျေးရွာ တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ် ပြန်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည့်ကြားက မုံရွာတော်လှန်လူငယ်များကွန်ယက်သည် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ပျူစောထီးရွာ သုံးရွာရှိစခန်းများကို မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း Northern Tigers Group ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဘေးရှောင်များ လာရောက်ခိုလှုံနေသည့် လိုင်ဇာမြို့ရှိ မုန်လိုင်ခက်ရွာကို စစ်ကောင်စီက လေကြောင်းရော လက်နက်ကြီးဖြင့်ပါ ပစ်ခတ်တိုက်ခတ်ရာ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ၃၀ခန့် သေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရရှိထားသည်ဟု ကချင်သတင်းရင်း မြစ်များက ပြောသည်။

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏပန်းခြံထောင့်၊ မက်စ်ဆီဆိုင်ဘေး၌ ဗုံးတွေ့သည်ဟု ဆိုကာ စစ်ကောင်စီက ယမန်နေ့ နံနက်ပိုင်းတွင် လမ်းပိတ်ဆို့ပြီး ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၍ သေဆုံးခဲ့ရသည့် ကချင်ပြည်နယ် လိုင်ဇာဒေသ မုန်လိုင်ခက် စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများ၏ ရုပ်အလောင်းကို ယနေ့ နေ့လည်ပိုင်းတွင် ဆု​တောင်းပြီး မြေမြှုပ် သင်္ဂြိုလ်ခဲ့သည်ဟု ကချင်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

မွန်ပြည်နယ် ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးနိုင် ယနေ့ နံနက် ၁၁နာရီခန့်က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်း-ကရင်နီ (ကယား) အစပ် မိုးဗြဲ မြို့ရှိ စစ်ကောင်စီတပ် စခန်းကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ် သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ရဲဘော်တစ်ဦးကျဆုံးကြောင်း မိုးဗြဲLocal PDF က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တွင် တအာင်းတပ်မတော်(TNLA) နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာနယ်မြေ ရှိ စစ်ရှောင်စခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းက အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲခန့်မှာ ဗုံးကြဲတိုက် ခိုက်ခဲ့၍  ပြည်သူ ၃၀ ကျော်သေဆုံးကာ ဒဏ်ရာရသူတွေ ၁၀၀ ခန့်ရှိကြောင်း ကချင်အခြေစိုက် သတင်းဌာနများက သတင်းထုတ်ပြန်ခဲ့ကြသည်။

တောင်သာမြို့ ဒေသခံ၊ ကိုရီးယားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ၃၃ ဦး၏ မိသားစု ဝင်များထံက စစ်ကောင်စီတပ် ရန်ပုံငွေဟုဆိုကာ ကျပ် ၁၀ သိန်းစီ တောင်းခံနေကြောင်း ဒေသခံ များထံက သိရသည်။

အစ္စရေး နဲ့ ပါလက်စတိုင်းကြားတွင် ပြင်းထန်တဲ့တိုက်ခိုက်မှုများဖြစ်နေတာကြောင့် အစ္စရေး ရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာနှင့် မြန်မာနိုင်ငံကို ပြန်လိုတာရှိရင် ဆက်သွယ်နိုင်ကြောင်း အစ္စရေးအခြေစိုက် မြန်မာစစ်ကောင်စီသံရုံးက သတင်းထုတ်ပြန်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ/ကေအိုင်အို) ဌာနချုပ်အနီးက စစ်ရှောင်စခန်းကို လက်နက်ကျရောက် ပေါက်ကွဲမှုသည် ၎င်းတို့တိုက်ခိုက်မှု မဟုတ်ကြောင်း အကြမ်းဖက်စစ်တပ်မှ ဝါဒဖြန့်ချိခေါင်းဆောင် ဇော်မင်းထွန်းက ဘီဘီစီမေးမြန်းမှု ငြင်းဆိုထား သည်ကို တွေ့ရသည်။

ပဲခူး ရေကြီးမှု ကယ်ဆယ်ရေး စခန်း ၃၆ ခုမှာ ရေဘေးသင့်ပြည်သူ ၁၄၃၀၄ ဦးရှိကြောင်း စစ်ကောင်စီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောသည်။

အောက်တိုဘာ ၁၀ ရက် သုံးသပ်ချက်

အကြမ်းဖက်စစ်တပ်က စစ်ရှောင်စခန်းကို ဖျက်အားပြင်းလက်နက်ဖြင့်တိုက်ခိုက်ခဲ့၍ ကလေးသူငယ် များနှင့် ပြည်သူများစွာ သေဆုံးခဲ့ရသည်။စစ်ကောင်စီ၏ ယင်းလုပ်ရပ်သည် စစ်ရာဇဝတ်မှုကို အကြီး အကျယ်ချိုးဖောက်ခြင်းဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်နေခြင်းဖြစ်သည်။

သို့သော် အကြမ်း ဖက်စစ်တပ်မှ ယင်းလုပ်ရပ်ကို ဗြောင်လိမ်ကာ ငြင်းဆိုသည်ကို ကြည့်ခြင်းဖြင့် သူရဲဘောကြောင်သည့် လုပ်ရပ်ဟု မှတ်ယူရမည်ဖြစ်သည်။

ပြည်ပရောက်မြန်မာ မိသားစုများထံမှ စစ်ကောင်စီအဖွဲ့ဝင်များသည် တစ်လ၁၀ သိန်း ဖိအားပေးတောင်း ယူနေရာ တရားဝင် အခွန်၁၀ ရာခိုင်နှုန်းအပြင် တစ်လ ၁၀ ပေးရမည်ဆိုပါက ပြည်ပရောက် မြန်မာ အလုပ်သမား အတွက် အခက်တွေ့စေပြီးယင်းလုပ်ရပ်သည် အာဏာဘန်းပြ ဓားပြတိုက်ခြင်းဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required