လိုင်ဇာက စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုအပေါ်  NUG ဘာပြောလဲ (ရုပ်/သံ)

By မိုးသောက် (မဇ္ဈိမ)
10 October 2023
လိုင်ဇာက စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုအပေါ်  NUG ဘာပြောလဲ (ရုပ်/သံ)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာရှိတဲ့ စစ်ဘေးရှောင်တွေနေတဲ့ မုန်လိုင်ခက်ရွာကို အောက်တိုဘာလ ၉ ရက်နေ့ညပိုင်းမှာ  စစ်ကောင်စီက  လေကြောင်းအပါအဝင်  လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခတ်တာတွေပြုလုပ်ခဲ့တဲ့ အတွက်   စစ်ရှောင် ၃၀ ဦးသေဆုံးပြီးတော့ အယောက် ၅၀ လောက်ဒဏ်ရာရရှိထားပါတယ်။ 

ဒီထဲမှာ အမျိုးသမီးတွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေလည်းပါဝင်တာကိုတွေ့ရပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇောကို ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။

တည်း/ဖြတ်-မိုးသောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly