“မုန်လိုင်ခက်တိုက်ခိုက်မှုက လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်လို့ရပါတယ်” ဟု KIA ဗိုလ်မှူးကြီးနော်ဘူ (အင်တာဗျူးရုပ်သံ)

By ဂျူချန်း (မဇ္ဈိမ)
10 October 2023
“မုန်လိုင်ခက်တိုက်ခိုက်မှုက လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်လို့ရပါတယ်” ဟု KIA ဗိုလ်မှူးကြီးနော်ဘူ (အင်တာဗျူးရုပ်သံ)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ  မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်း‌ရောလက်နက်ကြီးပါ အသုံးပြုတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁၁ ဦးနဲ့ အမျိုးသမီး တွေအပါအဝင် စစ်ဘေးရှောင်ပြည်သူ  ၂၉ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး ၅၇ဦး ဒဏ်ရာရခဲ့တယ်လို့ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA)က ထုတ်ဖော်ပြောကြားထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ ယမန်နေ့ အောက်တိုဘာလ ၉ ရက်ညနဲ့ ဒီကနေ့ မနက် အစောပိုင်းမှာ ဖြစ်ခဲ့တာပါ။
 ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပြီးအပြစ်မဲ့ပြည်သူတွေမှန်းသိလျက်နဲ့  ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်တယ်လို့  KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက  ပြောပါတယ်။

မေးမြန်း၊ ရုပ်သံတည်းဖြတ် -ဂျူချန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly