လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆုံးရမှု ထိတ်လန့် ဝမ်းနည်း‌ကြောင်း ယူနီဆက်ဖ် ထုတ်ပြန်

By မဇ္ဈိမ 
10 October 2023
လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆုံးရမှု ထိတ်လန့် ဝမ်းနည်း‌ကြောင်း ယူနီဆက်ဖ် ထုတ်ပြန်

လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းသို့ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆုံးရမှုထိတ်လန့်၀မ်းနည်း‌ ‌ကြောင်း ယူနီဆက်ဖ်မြန်မာက ထုတ်ပြန်သည်"လက်ခံနိုင်စရာအကြောင်းပြချက်လုံးဝမရှိသော တိုက်ခိုက်မှု လုပ်ရပ်သည် ကျပ်တည်းသော အခြေအနေကာလများတွင် ထိခိုက် နစ်နာလွယ်သူများကို ကာကွယ်စောင့်ရှောက်ရန် အရေးတကြီး လိုအပ်ကြောင်း မီးမောင်းထိုးပြနေပါသည်။ 

မြန်မာနိုင်ငံရှိ ကလေးသူငယ်တိုင်းသည် လုံခြုံစိတ်ချရ၍ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးသောပတ်ဝန်းကျင်များတွင်သာ ရှင်သန်ကြီးပြင်းရပါမည်။ မိမိတို့သားသမီးများနှင့် မိသားစုများအားဆုံးရှုံးခဲ့ကြရသော မိသားစုဝင်ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ ကလေးသူငယ်များနှင့် အရပ်သားပြည်သူများသည် မည်သည့်အခါမှ အကြမ်းဖက်တိုက်ခိုက်ခြင်းရဲ့ ပစ်မှတ်များ မဟုတ်ပါ" ဟု ယူနီဆက်ဖ်မြန်မာက ဆိုသည်။

အောက်တိုဘာ ၉ ရက်ညပိုင်း လူအိပ်ချိန်တွင် လိုင်ဇာမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ က လေ‌ကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၃ ဦးအပါအ၀င် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။

စစ်ကောင်စီ တစ်လလျှင် လေ‌ကြောင်းတိုက်ခိုက်မှု ပျမ်းမျှ အကြိမ် ၃၀ ခန့်ရှိသည်ဟု UN အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက တင်ပြထားသည်။

လိုင်ဇာမြို့အနီးရှိ စစ်ရှောင်စခန်း ဗုံးကြဲခံရမှု UN အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။

တရားမဝင်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်တပ်သည် တစ်ဘီလီယံဒေါ်လာကျော် တန်ဖိုးရှိသော လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်း ဝယ်ယူခဲ့ကြောင်း၊ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ပြည်သူ ၄,ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ လူပေါင်း နှစ်သန်း ဝန်းကျင်မှာ နေရပ်စွန့်ခွာခဲ့ရကြောင်း၊ နေအိမ် စုစုပေါင်း ၇၅,ဝဝဝ ကျော်မှာ ဖဖျက်ဆီးမီးရှို့ခံခဲ့ရသည်ဟု ဦးကျော်မိုးထွန်းက ‌UN အစည်းအဝေး တွင် ‌ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly