ဇီကာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေရှိသည့်ဒေသများတွင် နေထိုင်နေသူပေါင်း ၂ ဒသမ ၂ ဘီလျံ ရှိ

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေရှိသည့်ဒေသများတွင် နေထိုင်နေသူပေါင်း ၂ ဒသမ ၂ ဘီလျံ ရှိ

ဝါရှင်တန်၊ ဧပြီ၊ ၂၁ ။               ။ ကမ္ဘာပေါ်ရှိ လူပေါင်း ၂ ဘီလျံကျော်မှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည့်ဒေသများတွင် နေထိုင်ရလျှက်ရှိကြောင်း eLife သိပ္ပံဂျာနယ်တွင် ဖော်ပြထားသည့် အသေးစိတ်မြေပုံတွင် ဖော်ပြထားချက်အရ သိရသည်။

ခြင်မှတဆင့်ကူးစက်သော ဇီကာဗိုင်းရပ်စ်သည် ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်လျှက်ရှိသည်။

သုတေသနရလဒ်များအပေါ်မူတည်ပြီး ရေးဆွဲဖော်ပြထားသော ယခုနောက်ဆုံးထွက်ပေါ်လာသည့်မြေပုံအရ ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်သော ခြင်များပေါက်ဖွားနိုင်သည့်ဒေသမှာ မူလလက်ခံထား သည်ထက် ပိုမိုရှုပ်ထွေးလျှက်ရှိသည်။

ဇီကာဗိုင်းရပ်စ်ကူးစက်နိုင်သောခြင်များ ရှင်သန်ပေါက်ဖွားနိုင်ရာဒေသများကို ဖော်ထုတ်ခြင်းအားဖြင့် ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မည့်ဒေသများကို ခန့်မှန်းသိရှိနိုင်မည် ဖြစ်သည်။

လက်ရှိဇီကာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအတွက် အဓိကထားစောင့်ကြည့်နေရသော တောင်အမေရိကရှိဒေသအများအပြားမှာ ဇီကာဗိုင်းရပ်စ် အလွယ်တကူကူးစက်ပျံ့နှံ့နိုင်ရာ ဒေသများဖြစ်လျှက်ရှိကြောင်း သုတေသနပညာရှင်များက အတည်ပြုထား သည်။

ထိုဒေသများတွင် ပုံမှန်ထက်ဦးနှောက်ဖွံ့ဖြိုးမှုနည်းပါးသော ကလေးများမွေးဖွားခဲ့ခြင်းမှာ ဇီကာဗိုင်းရပ်စ်ကြောင့်ဟု ယူဆရလျှက်ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် ဖလော်ရီဒါ နှင့် တက္ကဆက်ပြည်နယ်များ၌ နွေရာသီအပူချိန်မြင့်တက်သည့်အချိန်တွင် ဇီကာဗိုင်းရပ်စ်ကူးစက်သောခြင်များ ပေါက်ဖွားနိုင်ချေရှိနေသည်။

ခြင်တစ်ကောင်အတွင်း၌ ဇီကာဗိုင်းရပ်စ်ဖြစ်ပေါ်ရန် လုံလောက်သောပူနွေးမှုရှိရန်လိုအပ်ပြီး ယင်းဗိုင်းရပ်စ် ပျံ့နှံ့ရန် အတွက် အတိုင်းအတာတစ်ခုအထိ လူဦးရေထူထပ်ရန်လည်း လိုအပ်သည်။

အာဖရိက နှင့် အာရှတို့တွင်လည်း ဇီကာဗိုင်းရပ်စ် ရှင်သန်နိုင်ချေရှိသော ဒေသများအများအပြားရှိနေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly