နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ အောက်တိုဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မှာရှိတဲ့ စစ်ရှောင် ပြည်သူများနှင့် ကိုယ်၀န် ဆောင် မိခင်တွေကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားစာနာမှ ကိုယ်၀န်ဆောင် ထောက်ပံ့ ငွေများနှင့် လိုအပ်သည့်စားစရာများကို အောက်တိုဘာ ၇ရက်က ပေးအပ်ထောက်ပံ့ ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးငယ်များသည် ၎င်းတို့ ခံစားခွင့်ရှိသော အခွင့်အရေးများကို အပြည့်အဝ ခံစားရမည့်အစား ၎င်းတို့၏ အခွင့်အရေးများကို ရက်ရက် စက်စက် ချိုးဖောက်ခံနေရရုံသာမက စစ်တပ်၏ သတ်ဖြတ်ခြင်းကိုပင် ခံနေရကြောင်း သံအမတ် ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ပြောသည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ဖလား ရန်ပုံငွေဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဝင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ခေတ္တတပ်စွဲ ထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး ပြင်းထန် ဒဏ်ရာ ရသွားကြောင်း သိရသည်။

မန္တလေးမြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအစောင့် စစ်ကောင်စီတပ်ကြပ်ကြီးတဦး ရုံးရှေ့တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကြောင့် အသက် ၁၇နှစ်အရွယ် လူငယ်တဦး သေနတ်ကျည်ဆန်ထိမှန်ကာ သေဆုံးသွားကြောင်း ကလေးမြို့ ဒေသခံများထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖိန်းကားရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နောက် ရွာ အနီးရှိ ဆန်စက်မှ ဆန်အိတ်တွေကို အဓမ္မယူဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကိုင်းမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်ဝင်းအတွင်း ယမန်နေ့ (အောက်တို  ဘာ၇ရက်) ညနေ ၃နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျေးရွာများအား စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးစဉ်က လာရောက်ခြင်းမရှိခဲ့သည့် မီးသတ်ကားများက တပ်မ(၃၃)ဝင်းအတွင်း သွားရောက်ငြှိမ်းသတ်ပေးခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံ အနီး တွင် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Brother Defense Force တပ်ဖွဲ့မှ သိရသည်။

လူမှုကွန်ယက်ပေါ်၌ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁,၃၀၀ ကျော်ရှိသည်ဟု Data for Myanmarက ယနေ့ ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Non-CDM ဆရာမ ဒေါ်နုနုလှိုင်သည် CDM ပညာရေးဝန်ထမ်းများ၏ အချက်လက်များကို စစ်ကောင်စီထံပေးပို့ပြီး ဖမ်းဆီးခိုင်းစေခြင်းများလုပ်ဆောင်နေသည်ကို ရပ်တန်းကရပ်ရန် မင်းလှမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ ယနေ့(အောက်တိုဘာ ၈)တွင် သတိပေးချက် ထုတ်ပြန်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း တပ်စွဲထားသော စစ် ကောင်စီ တပ်သားများအား သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကောင်စီတပ်က အရပ်သားများအပေါ် ပစ်မှတ်ထား၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုကျုးလွန်လာကြောင်း ဒေသခံများနှင့် အရပ်ဖက်အဖွဲ့များ ကပြောသည်။

ကချင်ပြည်နယ် ဖားကန့်မှော်လှည့် သပိတ်စစ်ကြောင်းက ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်ချီ တက်ဆန္ဒပြကြသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ကိုရီးယား-မြန်မာ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် နွေဦးတော်လှန်ရေး ရုပ်ရှင် The Way ဇတ်ကား ပြသပြီး ပြည်သူ ၄၀၀ ကျော် တက်ရောက်ကြောင်း သိရှိရသည်။

စစ်ကောင်စီထံအခွန်မဆောင်ရေး၊ ပတ်စ်ပို့သက်တမ်းမတိုးရေးလှုပ်ရှားမှုအဖြစ် အောက်တိုဘာ လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီမှ ၅ နာရီအထိ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဂျပန်ရောက်မြန်မာများ ဆန္ဒ ပြခဲ့ကြကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ စက္ကန့်ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံ မြေးအဘွားနှစ်ဦးကို သတ်ဖြတ်ပြီး လူနေအိမ်များကို မီးရှို့ခဲ့ကြောင်း ချင်းအမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (CNDF – UCR) က ယမန်နေ့ အောက်တိုဘာလ ၇ရက်တွင် ထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ် ၊ ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် (၈)နှစ်အရွယ်က​လေးငယ်တစ်ဦး လက်နက်ကြီးစထိမှန် သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၁၅)က ထုတ်ပြန်သည်။
ရှမ်းပြည်နယ်၊ ကွက်ခိုင်မြို့နယ်၊ မိုင်းယုလေးဒေသ၌ ဖြစ်ခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍ TNLA နှင့် SSPP တို့ အကြား တွေ့ဆုံ ဆွေးနွေးပြီး သင်ခန်းစာယူကာ သင်ပုန်းချေပြီး တော်လှန်ရေး အမြန်ဆုံး အောင်မြင် စေရန် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် ၊ မတူပီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က အောက်တိုဘာလ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

နေ့စားအလုပ်သမားများအား အပိုထောက်ပံ့ကြေးငွေ ကျပ် ၁,၀၀၀ ထပ်မံခံစားခွင့်ပြုကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ အောက်တိုဘာလ ၅ ရက် နေ့က ထုတ်ပြန် ကြေညာ သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကြောင့် အသက် ၁၇နှစ်အရွယ် လူငယ်တဦး သေနတ်ကျည်ဆန်ထိမှန်ကာ သေဆုံးသွားကြောင်း ကလေးမြို့ ဒေသခံများထံက သိရသည်။

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေချိန်တွင် လျှပ် စစ် ရထားနှင့် လျှပ်စစ်အသုံးပြု ရထားသယ်ယူပို့ဆောင်ရေး ပြောင်းလဲ အသုံး ပြုမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပြန် သည်။

ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲပြေးဆွဲနိုင်ရေး ကြိုတင်ပြင် ဆင်မှု များကို ဆောင်ရွက်သွားရန်လိုကြောင်း အကြမ်းဖက်စစ်ကောင်စီ မင်းအောင်လှိုင်က ပြောသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနFDAမှ အသိပေးထုတားမြစ် ဓာတုပစ္စည်းများ ပါဝင်သည့် အလှကုန်ပစ္စည်း (၁၂) မျိုးကို ပြည်သူများသုံးစွဲရန်မသင့်ကြောင်း အသိပေး ထုတ်ပြန် ထားသည်။

ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်းဈေးနှုန်းများ တည်ငြိမ်ရေးကို ဦးစားပေးဆောင် ရွက်နေကြောင်း ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဝင်းရှိန်က ပြောသည်။

အောက်တိုဘာ ၈ ရက် သုံးသပ်ချက်

ရန်ကုန်၊မန္တလေးလိုမြို့ကြီးများမှာတောင် လျှပ်စစ်မီးကို နပ်မှန်အောင်မပေးနိုင်ဘဲ လျှပ်စစ်ရထား ၊လျှပ်စစ်အသုံးပြု သယ်ယူပို့ဆောင်ရေးသုံးမည်ဟု အာဏာလုမင်းအောင်လှိုင်က ပါးစပ်ဖျားမှမချဘဲ ပြောနေပြန်သည်။

ကုန်ဈေးနှုန်းတက်မြှင့်တက်၍ ကုန်သည်များကိုဖမ်းဆီး၊စီးပွားသမားများကို ခေါ်စစ်ပြုလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီမှ ကုန်ပစ္စည်းဈေးနှုန်းများ တည်ငြိမ်ရေးကို ဦးစားပေးဆောင် ရွက်နေသည် ဟု ထုတ်ပြောလာသည့်အတွက် ကုန်သည်စီးပွားသမားများအတွက် မျက်ခုံးလှုပ်နေမည်ဟု ဆိုရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required