ပြည်သူတွေကို အခွန်နဲ့ ဒုက္ခထပ်ပေးဦးမယ့် စစ်ကောင်စီ

By မဇ္ဈိမ 
06 October 2023
ပြည်သူတွေကို အခွန်နဲ့ ဒုက္ခထပ်ပေးဦးမယ့် စစ်ကောင်စီ

 

စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး အဘက်ဘက်မှာ ချောင်ပိတ်မိလာတဲ့ စစ်ကောင်စီဟာဝင်ငွေရလမ်း အတွက် ပြည်သူတွေကိုကျောက်ခဲရေညှစ်ဖို့ ခြေလှမ်းပြင်နေခဲ့ပြန်ပါတယ်။

တိုင်းပြည်အကျပ်အတည်းအောက်မှာ ဝမ်းရေးအတွက် မနည်းရုန်းကန်နေရတဲ့ ပြည်သူတွေဆီကနေရေခွန်၊ မီးခွန်ကအစ ဝင်ငွေခွန်အဆုံး နည်းမျိုးစုံနဲ့ ဓားပြတိုက်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

ပြောတော့လည်း တိုင်းပြည်သာယာဝပြောဖို့အတွက် ပြည်သူတွေရဲ့ သဘောထားအမှန်ကိုသိချင်တယ်ဆိုသေး၊ ပြည်သူ့ဆန္ဒလုံးဝမပါဘဲ အခွန်မျိုးစုံကို တိုးမြှင့်ကောက်ခံဖို့လုပ်လာတဲ့ စစ်ကောင်စီခြေလှမ်းတွေဟာ ရယ်စရာတော့ အကောင်းသား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly