ဦးကျော်မိုးထွန်းနဲ့ NUCC နိုဘယ်လ်ဆုဆန်ကာတင်ခြင်းက မြန်မာ့နွေဦးတော်လှန်ရေးကို ကမ္ဘာကအာရုံစိုက်ခြင်းဖြစ်တယ် (ရုပ်သံ) 

By မောင်ခက်နွေ (မဇ္ဈိမ) 
05 October 2023
ဦးကျော်မိုးထွန်းနဲ့ NUCC နိုဘယ်လ်ဆုဆန်ကာတင်ခြင်းက မြန်မာ့နွေဦးတော်လှန်ရေးကို ကမ္ဘာကအာရုံစိုက်ခြင်းဖြစ်တယ် (ရုပ်သံ) 

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် ဆန်ကာတင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအမည်စာရင်း ငါးခုကို သီးခြားလွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ PRIO က ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပါဝင်လာပါတယ်။

ဦးကျော်မိုးထွန်းနဲ့ NUCC ဟာ PRIOရဲ့ ဆန်ကာတင်စာရင်းနံပါတ်လေးနေရာမှာ ပါဝင်တာဖြစ်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနဲ့ ထိုက်တန်တယ်လို့ ဖော်ပြထားတာပါ။ အခုလို အဆိုပြုခံရတာဟာ မြန်မာလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဖြစ်တဲ့ နွေဦးတော်လှန်ရေးကို ကမ္ဘာက အာရုံစိုက်နေတာဖြစ်တယ်လို့ NUCC ကောင်စီဝင်လည်းဖြစ်၊ပအို့ဝ်အမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်တဲ့ ခွန်မြင့်ထွန်းက ပြောပါတယ်။ 

ဒီသတင်းအကြောင်းအရာအပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ဝိုင်းတော်သားတဦးဖြစ်တဲ့ မောင်ခက်နွေက တင်ဆက်ပေးထားပါတယ်။ 

တင်ဆက်၊ တည်းဖြတ် - မောင်ခက်နွေ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly