နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၅ အောက်တိုဘာ၂၀၂၃)

By မဇ္ဈိမ 
05 October 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၅ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
•    နွေဦးတော်လှန်ရေး စတင်ချိန်မှာဆိုရင်လည်း ပညာရေး နယ်ပယ်ထဲက ဆရာ၊ ဆရာမများသည် အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ အားတက်သရော ပါဝင်ခဲ့ကြပြီး ယနေ့အချိန် အထိလည်း ကြုံလာရသမျှ အခက်အခဲမျိုးစုံကို ရင်ဆိုင်အံတုပြီး စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေသည့် ဆရာ၊ ဆရာမများစွာ ရှိနေဆဲဖြစ်သည်ကို ဂုဏ်ယူစွာပြောလိုကြောင်း ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားမိန့်ခွန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောသည်။
•    ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ကြားကာလပညာရေးအကောင်အထည်ဖော်မှု တွေကို အားဖြည့်ဆောင်ရွက် ပေးနေကြသော ပညာရေး CDM နိုင်ငံ့ဝန်ထမ်းများ စေတနာ့ဝန်ထမ်း လုပ်အားပေး ဆရာ/မ တွေရဲ့ ကြိုးစားအားထုတ်မှုများကိုလည်း ကျွန်တော်တို့အစိုးရက လေးစား အသိအမှတ်ပြုကြောင်း ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားမိန့်ခွန်းတွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောဆိုသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ ၊ အမျိုးသမီး ၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ခင်ဦး မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် စစ်ဘေးရှောင်နေရသည့် ကလေးများအတွက် အာဟာရတိုက်ကျွေးခြင်းနှင့် စာရေးကိရိယာ ပံ့ပိုးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်များ ကွန်ရက် (MWPN) နှင့် အောက်တိုဘာ ၃ ရက်မှာ ဗီဒီယို ကွန်ဖရင့်ကတဆင့် တွေ့ဆုံခဲ့ ကြပြီး နိုင်ငံရေးကဏ္ဍနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးတို့မှာ အမျိုးသမီး နှင့် လူငယ်တို့၏ ပါဝင်မှုအခန်းကဏ္ဍအား မြှင့်တင်ရေးနှင့်စပ်လျဉ်းပြီး ပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်နိုင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
•    အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် တစ်နိုင်ငံချင်းတရားစွဲဆို အရေးယူနိုင်ရန် အတွက် ကြိုးပမ်းလုပ်ဆောင်ကြရန် NUG တောင်းဆိုလိုက်သည်။
•    စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ငါးရာနီးပါး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လေးကေ့ကော်မြို့သစ်တွင် ယနေ့ အောက်တ်ိုဘာလ ၅ရက် နံနက် ၇နာရီဝန်းကျင်မှစတင်ကာ လက်နက် ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများထွက်ပေါ်နေသည်။
•    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ပုဂံကျေးရွာကို တွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး မော်တော်ယာဥ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာပြည်သူများအား ကင်းမစောင့်လျှင် ကျပ်ငါးသောင်း တောင်းခံနေသည့် သီလုံးကျေးရွာမှ ပျူစောထီးများအား ဖုန်းဆက်သတိပေးပြီးနောက် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
•    စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံး ထိခိုက်မှုရှိခဲ့ကြောင်း အင်းတော်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
•    စစ်ကိုင်းတိုင်း၊ မြောင်မြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် စခန်းနှစ်ခုကို ဗုံးချတိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
•    စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်း စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်နှင့် Freedom Revolution Force တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးခန့်သေကာ လက်နက်ခဲ ယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Freedorm Revolution Force (FRF) မှ သိရသည်။
•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၅ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်သင်တန်းတက်ပြီးပြန်လာသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ ပစ်ခတ်အရေးယူလိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို)က ထုတ်ပြန်သည်။
•    မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ-စလင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းနှင့် စုဝေးခွင့်ဆိုင်ရာပြဌာန်းချက်ကို မြန်မာနိုင်ငံက လိုက်နာ မှုမရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)က ထုတ်ပြန်လိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
•    ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းမှ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပေါ်ရှိ ၎င်းတို့ထိန်းချုပ်ထားသောနယ်မြေအတွင်း ဖြတ်သန်းချိန်ကန့်သတ်လိုက်ကြောင်း ချင်းကာကွယ် ရေးတပ်ဖွဲ့တခုဖြစ်သော PDF Zoland (B- 5) Mountain Eagle အောက်တိုဘာလ ၄ ရက်နေ့က ထုတ် ပြန်ထားသည်။
စစ်ကောင်စီ
•    စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူလေးဦးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ဩဂုတ်လအတွင်းက ဦးစီးအရာရှိရာထူးဖြင့် ပြောင်းရွှေ့ခန့် အပ်ထား ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းအရ သိရသည်။
•    ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက် လွတ်လပ်ခွင့် အပေါ် ဖိနှိပ်နေသည့် ဒုတိယအဆိုးဝါးဆုံးနိုင်ငံတစ်ခုဖြစ်လာကြောင်းအမေရိ ကန် Freedom House အဖွဲ့က ထုတ်ပြန် လိုက် သည့်  ၂၀၂၃ ခုနှစ် အစီရင်ခံ စာအရ သိရသည်။
•    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်ရေးအရာရှိ နှစ်ဦးနှင့် အတူ ဆက်စပ်သူများကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ကေအိုင်အို အုပ်ချုပ် ရေးရုံးနှင့် နီးစပ်သော ကချင်သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။
•    အကွက်ရိုက်ရောင်းချမှုများနေသည့် မြစ်ကြီးနားမြို့တွင် လယ်ယာမြေများပေါ် ကျူးကျော်နေထိုင် ခြင်းများကို ထပ်မံအရေးယူဆောင်ရွက်သွားမည်ဟု အကြမ်းဖက်စစ်ကောင်စီ၏  ကချင် ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကပြောကြားကြာင်း ယမန်နေ့ထုတ်မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
•    ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားလမ်းမကြီးတွင် မိုင်းတွေ့ရှိခဲ့တာကြောင့် ရှင်းလင်းမှုများပြုလုပ်ခဲ့ရကြောင်း ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြထား ချက်အရ သိရသည်။
•    အာဏာသိမ်း မြန်မာစစ်တပ်ကို စစ်လက်နက်များ ထောက်ပံ့ ရောင်းချခဲ့သည်ဟူပြောဆို စွပ်စွဲချက် များကို အင်ဒိုနီးရှား အစိုးရပိုင် ကာကွယ်ရေးစက်မှုလုပ်ငန်းတွေကငြင်းဆိုသည်။
အောက်တိုဘာ ၅ ရက် သုံးသပ်ချက်
•    အာဏာလုအကြမ်းဖက်စစ်တပ်နှင့် ပတ်သက်မိသည့် နိုင်ငံတကာကုမ္ပဏီများနှင့် နိုင်ငံတကာ အစိုးရများ သည် ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ကာ လူအများ၏ ပြောဆိုမှုများ ခံရသည်ကို တွေ့ရသည်။
•    မြန်မာနိုင်ငံတွင် လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို အကြီးအကျယ် ဖိနှိပ်နေပြီး လူမှုူကွန်ရက် စာမျက်နှာ တွင် စစ်တပ်အကြမ်းဖက်မှုအတွက် ကလေးများသေဆုံးရသည်ကို ဝမ်းနည်း သည်ရေးခြင်း၊ ယနေ့ဈေး မရောင်းဘူး၊ဆိုင်ပိတ်သည် စသဖြင့် ရေးသားမိရုံဖြင့် ထောင်နှစ်ရှည်ချနေသည်ကို တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly