မိုးမြင့်ထွန်းနဲ့ အပေါင်းအပါတွေရဲ့ အဂတိမှုကိုအကြောင်းပြုပြီး စစ်ကောင်စီအတွင်းအပြောင်းအလဲတွေထပ်မံဖြစ် ပေါ်ခဲ့ပါတယ်။
ဒီတစ်ကြိမ်အပြောင်းအလဲမှာအာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့လူယုံတွေပါသွားခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့နေရာပြန်ရလာတာတွေ့ရပါတယ်။
သူတို့နှစ်ယောက်လုံးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်အာဏာနဲ့ လွတ်ကင်းတဲ့ နေရာအသီးသီးကို ရွှေ့ပြောင်းထားခဲ့တာဖြစ်ပါတယ်။