ကိုပါအမေရိကပြိုင်ပွဲကို နေမာ ပါဝင်ကစားခွင့်မရ

ကိုပါအမေရိကပြိုင်ပွဲကို နေမာ ပါဝင်ကစားခွင့်မရ

ဧပြီ ၂၁၊ ဘာစီလိုနာ ။                ။ နေမာသည် အိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအသင်း ကိုယ်စားပြုကစားခွင့် ရမည်ဖြစ်သော်လည်း ကိုပါအမေရိကပြိုင်ပွဲကို ကစားခွင့်ရမည်မဟုတ်ဟု ဘာစီလိုနာအသင်းက အတည်ပြုသည်။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်သည် နေမာကို ပြိုင်ပွဲတစ်ခုသာကစားခွင့်ပေးမည်ဆိုသည့် ဘာစီလိုနာအသင်း၏သဘောထားကို ပြောင်းလဲပစ်နိုင် အောင်ကြိုးစားမည်ဟု ယခုလအစောပိုင်းတွင် ကြေညာ ခဲ့သေးသည်။

သို့သော် ယခုအခါတွင် ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မာကိုပိုလိုဒယ်နီရိုသည် နေမာကို ဘရာဇီးအိုလံပစ်ပြိုင်ပွဲတစ်ခုတည်းအတွက်သာ ခေါ်ယူတော့မည်ဟု သဘောတူလိုက်ကြောင်း ဘာစီလိုနာအသင်းက ဆိုသည်။

"အသင်းရဲ့တောင်းဆိုချက်ကိုလိုက်လျောပေးတဲ့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်နဲ့ ဥက္ကဋ္ဌကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့် နေမာဟာ သြဂုတ် ၃ ကနေ ၂၁ ထိ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲတစ်ခုတည်းကိုသာ ကစားရတော့မှာပါ။ သဘောတူညီမှုအရ နေမာဟာ ဇွန် ၃ ကနေ ၂၆ ထိ အမေရိကန်မှာကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ မပါနိုင်တော့ပါဘူး"ဟု ဘာစီလိုနာအသင်း၏ ကြေညာချက်တွင်ရေး ထားသည်။

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်နှင့် ၁၉၁၆ တွင်ပထမဆုံးစတင်ကျင်းပခဲ့သည့် ပြိုင်ပွဲ ရာပြည့်အထိမ်းအမှတ် အဖြစ် နှစ်နှစ်ဆက်ကျင်းပခြင်းလည်းဖြစ်သည်။

ယင်းပြိုင်ပွဲကို တောင်အမေရိကပြင်ပတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံက လက်ခံကျင်းပသွားမည်ဖြစ်ပြီး ကွန်ကာကပ်ဖ်ဒေသမှ အသင်း ခြောက်သင်းအပါအဝင် အသင်းပေါင်း ၁၆ သင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly