နိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ NUG ယာယီသမ္မတပြော

By မဇ္ဈိမ 
02 October 2023
နိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ NUG ယာယီသမ္မတပြော

စစ်အာဏာရှင်ကို ဆန့်ကျင် ခုခံနေတဲ့ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံအကျယ်အဝန်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

NUGရဲ့ ယာယီ သမ္မတကြီး ဒူဝါလရှီးလာက တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံပိုင်နက်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို လွှမ်းမိုးထားလာနိုင်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ အဓိက ခြေကုပ် စခန်းကြီးတွေကိုပါ စတင် ခြိမ်းခြောက်လာနိုင်နေပြီလို့ ပြောကြားသွားပါတယ်။

လက်ရှိ အချိန်ထိ အာဏာသိမ်း စစ်ကောင်စီဟာ အဓိက မြို့ပြကြီးတွေကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပေမယ့်လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် သူတို့ရဲ့ အာဏာစက်ကို ခိုင်ခိုင်မာမာ ပိုင်ပိုင်နိုင်နိုင် ဖြန့်ကျက်ထားနိုင်တဲ့ ဧရိယာဟာ မြန်မာနိုင်ငံ အကျယ်အဝန်းရဲ့ ၁၇ ရာခိုင်နှုန်းလောက်သာ ကျန်တော့တယ်လို့လည်း သမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေရဲ့ ခုခံတော်လှန်စစ်ကို စတင်ခဲ့တာ နှစ်နှစ်ကျော်လာတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုကနေ ရလဒ်ကောင်းတွေ ရနေပြီး ခုဆိုရင် စစ်ကောင်စီဌာနချုပ်တည်ရှိတဲ့ နေပြည်တော်နဲ့ အနီးတဝိုက်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေ ရှိနေပြီလို့လည်း ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အဓမ္မ အာဏာသိမ်းယူလိုက်ပါတယ်။

အဲဒီနောက်ပိုင်း စစ်တပ်ဟာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကို ရက်ရက်စက်စက် ဖြိုခွင်းဖို့ ကြိုးစားရာက စစ်အာဏာရှင်ကို တော်လှန်တဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေ အားကောင်းလာပါတယ်။

အခုဆိုရင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ နိုင်ငံအနှံ့မှာ NUGရဲ့ လက်နက်ကို င်တပ်ဖြစ်တဲ့ PDFအပြင် ရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေနဲ့ပါ စစ်ခင်းနေရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကလည်း စစ်တပ်ဟာ ထိန်းချုပ်နယ်မြေတွေကို တစထက်တစ ဆုံးရှုံးလာခဲ့သလို အရပ်သား ဧရိယာတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း အရှိန်အဟုန် မြှင့်တင်လာပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလနဲ့ ၂၀၂၃ ခုနှစ် ဇူ လိုင်လကြားမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၇၀၀ နီးပါး လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly