လှိုင်သာယာ အဆောင်ပိုင်ရှင်များကို အောင်မြေသာယာဘုရားပြုပြင်ရန်ဟုဆိုကာ အလှူငွေ အတင်းကောက်ခံ

လှိုင်သာယာ အဆောင်ပိုင်ရှင်များကို အောင်မြေသာယာဘုရားပြုပြင်ရန်ဟုဆိုကာ အလှူငွေ အတင်းကောက်ခံ
ပုံအညွှန်း-လှိုင်သာယာက အဆာင် တခု(ဓာတ်ပုံ-CJ)

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲက ရပ်ကွက်နေ ပြည်သူတွေကို စစ်ကောင်စီလက်အောက်ခံ တွေက အောင်မြေသာယာဘုရားပြုပြင်ဖို့ဆိုပြီး အတင်းအကျပ် ငွေကောက်ခံနေပါတယ်ရှင့်။

အမှန်ဆို သဒ္ဓါသလောက် ပါဝင်ထည့်ဝင် လှူဒါန်းပါဆိုရင် တော်သေးပေမယ့် အခုက ဘယ်လောက် ငွေထည့်ရမယ်ဆိုပြီး သတ်မှတ်ကောက်ခံနေတာပါ။ 

ပြီးခဲ့တဲ့ လကတည်းက အသိပေးတဲ့အနေနဲ့  သက်ဆိုင်ရာမြို့နယ်ရပ်ကွက်ရုံးတွေကို ခေါ်ပြီး ဘယ်လိုနှုန်းထားတွေထည့်ဝင်ရမယ်ဆိုပြီး ပြောတာပါ။ 

လူနေအိမ်ဆိုရင်  ကျပ် ၂၀,၀၀၀၊ အိမ်အဌားတင်ထားတဲ့ အိမ်ပိုင်ရှင်ဆိုရင်  ကျပ် ၅၀,၀၀၀ ၊ အဆောင် ငါးခန်းကနေ  ခြောက်ခန်းအထိ ပိုင်ရှင်တွေကို ကျပ်၅၀,၀၀၀၊ အဆောင် ခုနစ်ခန်းအထက် ပိုင်ရှင်တွေကို ကျပ်၁၀၀,၀၀၀နဲ့  အဆောင် ၁၀ခန်းအထက် ပိုင်ရှင်တွေကို ကျပ်၂၀၀,၀၀၀ ပေးရမယ်လို့ပြောပါတယ်။ 

ဒါက ကျွန််မ သိသလောက်ကတော့ ရေဥကံ ၊ ၇ရပ်ကွက်နဲ့  ဥက္ကံသောင်ကြားရွာတွေမှာ သတ်မှတ်ထားတဲ့ အလှူငွေနှုန်းထားပါ။ ကျန်တဲ့ရပ်ကွက်တွေက နှုန်းထားတွေတော့ မသိရသေးပါဘူး။  မပေးရင် အဆောင်ပိတ်ခိုင်းမယ့်ပုံစံ ခြိမ်းခြောက်ပြောတော့ အကုန်လုံးကလည်း ကြောက်ပြီးပေးရတာပေါ့ရှင်။  ကျွန််မတို့ လှိုင်သာယာမှာ အလုပ်သမားတွေပေါတော့ ရပ်ကွက်တခုမှာ အဆောင် ၄၀ ကနေ ၅၀ အထိ ရှိပါတယ်။ အလှူငွေကောက်တာကို လှိုင်သာယာတမြို့လုံးကောက်မှာပါတဲ့ရှင်။  ဒါကတော့ ရပ်ကွက်လူကြီးက ပြောလို့ သိတာပါ။ ဥက္ကံသောင်ကြားရွာမှာ ပြီးခဲ့တဲ့ လက ကောက်ပြီးသွားတာ သူငယ်ချင်းဆီက သိရပါတယ်။ ရေဥကံနဲ့ ၇ ရက်ကွက်မှာတော့ ဒီလကမှ ကောက်တာပါ။ ဘုရားကတော့ လှိုင်သာယာ ဘုရားလမ်းအနီး ရုံးရှေ့မှတ်တိုင်နှင့်တံတားဖြူမှတ်တိုင်ကြားမှာရှိတာပါ။   ဒီလို အစစအရာရာ ကုန်စျေးနှုန်းမြင့်တက်နေတဲ့ ကာလမှာ စစ်ကောင်စီဘက်တော်သားတွေကြောင့် တပူပေါ် နှစ်ပူဆင့်နေရတာကို မဇ္ဈိမရဲ့ အယ်ဒီတာထံ ပေးစာကတဆင့် ပြောချင်တာပါရှင့်။ ကျေးဇူးတင်ပါတယ်။
ပြည်သူတဦး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly