ဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းနေတဲ့ မော်ကျွန်းမြို့က ရာအိမ်မှူးဟာင်း

ဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းနေတဲ့ မော်ကျွန်းမြို့က ရာအိမ်မှူးဟာင်း
ပုံအညွှန်း-မော်လမြိုင်ကျွန်းမြို့၊အမှတ် (၁၂) ရပ်ကွက် ရာအိမ်မှူး ဦးဇော်ဝင်း

မော်လမြိုင်ကျွန်းမြို့မှာ အမှတ် (၁၂)ရပ်ကွက် ရာအိမ်မှူးဟောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက  ဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းနေတာတွေ လုပ်နေပါတယ်။

အမှတ် (၁၂) ရပ်ကွက်၊ မာလာလမ်းမှာနေတဲ့ မြို့နယ်ကြံ့ခိုင်ရေးပါတီဝင်၊ မဘသ အဖွဲ့ဝင်၊(၁၂) ရပ်ကွက် ရာအိမ်မှူးဟောင်း ဦးဇော်ဝင်းနဲ့ (၁၂) ရပ်ကွက်အပိုင် နယ်ထိန်း နေလင်းအောင်၊နယ်ထိန်းအင်ချပ် မျိုးကိုဦး၊စခန်းမှူး ရဲအုပ်မင်းမင်းတို့ ပူးပေါင်းပြီး ကျေးရွာတွေမှာ ငွေတောင်းခံတာတွေ လုပ်နေတာဖြစ်ပါတယ်။

ရွာတွေထဲကို ရဲတွေဝင်စစ်လို့ ဖုန်းထဲနိုင်ငံရေးနဲ့ပတ်သတ်တာတွေတွေ့ရင် သိန်း ၂၀ ၊၃၀ ပေးနေရတယ်။ ဟိုတလောကဆို လူတစ်ယောက်ရဲ့ ဖုန်းထဲမှာ နိုင်ငံရေးတွေတွေ့လို့ဆိုပြီး ရဲက ၂၆ သိန်းတောင်းတယ်။ ပြီးတော့ Wave Money ဆိုင်တွေကိုလည်း PDF တွေဆီကို ငွေလွှဲတယ်ဆိုပြီး ၁၀ သိန်းစီလိုက်တောင်းနေတယ်။ လူတွေ ဒီလောက်ဆင်းရဲ မွဲတေနေတာကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာဖြစ်ပါတယ်။

ထီတိုလို၊ ကျွန်းကလေး၊ကြက်လျှာ၊ကနစိုချောင်း၊ ထီပါလဟ်သောင်တန်း၊ မိဿလင်ကုန်း ကျေးရွာတွေက ဒေသခံတွေဟာ အခုလိုအခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

ရွာတွေကနေ မြို့ပေါ်ကိုလာပြီး စျေးဝယ်တဲ့လူတွေရဲ့ ဖုန်းတွေကိုလည်း စစ်တယ်။ပြီးရင် ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်ပါတယ်။

ယခုနှစ် စက်တင်ဘာလအတွင်းမှာ ရာအိမ်မှူးဟောင်း ဦးဇော်ဝင်းနဲ့ ရဲတွေပေါင်းပြီး ငွေတောင်းခံလို့ ပေးလိုက်ရသူ အယောက် ၂၀ကျော်မက ရှိပါတယ်။

ဒီလို ငွေကြေးမတရားတောင်းယူတာတွေကို မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေက သိပေမယ့် အရေးယူဆောင်ရွက်တာတွေ မရှိပါဘူး။

အဲ့ဒီအပြင် NLD ပါတီ ဝန်းရံထောက်ခံသူတွေနဲ့  NLD ပါတီဝင်တွေကို PDF ထောက်ပံ့တာ၊ အကြမ်းဖက်အားပေးတာဆိုပြီး ခေါင်းစဉ်အမျိုးမျိုးတပ် ငွေကြေးတောင်းယူတာတွေ ရှိနေတာဖြစ်ပါတယ်။

ဒီအခြေအနေတွေကို အများပြည်သူသိရှိနိုင်စေဖို့အတွက် မဇ္ဈိမရဲ့ အယ်ဒီတာ့ထံပေးစာကတဆင့် ရေးသားပေးပို့လိုက်ရပါတယ်။

ပြည်သူတဦး

#ဧရာဝတီတိုင်း
#မော်လမြိုင်ကျွန်းမြို့
#ရာအိမ်မှူး
#အယ်ဒီတာထံပေးစာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly