စခန်းသိမ်းတိုက်ပွဲအပြန် အောင်ပွဲရ ရဲဘော်တွေကို ပြည်သူတွေ ကြိုဆိုဂုဏ်ပြု

By မဇ္ဈိမ
30 September 2023
စခန်းသိမ်းတိုက်ပွဲအပြန် အောင်ပွဲရ ရဲဘော်တွေကို ပြည်သူတွေ ကြိုဆိုဂုဏ်ပြု

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က သစ်ချဆိပ် စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို ပြည်သူတွေက အားပါးတရ ကြိုဆို ဂုဏ်ပြုနေကြတာပါ။

ဒီရုပ်သံဖိုင်ကို Spring Warriors Columns က စက်တင်ဘာလ ၃၀ ရက်နေ့ မှာ ထုတ်ပြန်လာတာပါ။

ရှေ့တန်းက အောင်ပွဲရ ပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကရင်သီချင်း သီဆိုကာ သပြေခက်တွေ၊ ပန်းစည်းတွေနဲ့ ကြိုဆိုနေကြတာ တွေ့ရပါတယ်။

“ဘယ်လိုပြောပြရမှန်း မသိအောင်ကြည်နူးရတယ်၊ ပီတိဖြစ်ရပါတယ်၊ လူစုံပြန်ပါမလာ‌တာ တခုတော့ ရင်ကျိုးမတတ် ခံစားခဲ့ရပါတယ်" လို့ Spring Warriors Column တာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

သစ်ချဆိပ်စခန်းကို KNLA၊ KNDO၊ Spring Warriors Column နဲ့ အထူးကွန်မန်ဒိုစစ်ကြောင်းပူးပေါင်းအဖွဲ့က ဩဂုတ်လ ၃၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။ 

တိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တပ်စုမှူးတဦးနဲ့ ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။

#Mizzima
#သိပ်ချဆိပ်
#KNU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly