နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ စက်တင်ဘာ ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ စက်တင်ဘာ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ မြေပြင်တာဝန်ခံများက  စိုက်ပျိုးပြီး ခြံထွက်သီးနှံတွေ ဝေငှပေးနေကြောင်း ထုတ်ပြန်ထားသည်။

မြန်မာအရေးကိစ္စက ပြည်တွင်းရေးမဟုတ်ကြောင်းနှင့် ရှုပ်ထွေးခက်ခဲလှသည့်အခြေအနေများက ဒေသတွင်း နိုင်ငံများကို ရိုက်ခတ်လျက်ရှိနေကြောင်း စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ကုလ သမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ထိုင်းနိုင်ငံ ၊ လရောင်ခရိုင် ၊ စီကွန်ဖက်တနာမြို့မှာရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုက မြန်မာရွှေ့ပြောင်းလုပ်သားများကို သူဌေးဖြစ်သူက သက်မှတ်ကာလကျော်လွန်ချိန်ထိ လုပ်အားခ မရှင်းပေးသည့် ပြဿနာကို အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ပြီး ဖြေရှင်းပေးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတ၀န်းတွင် ခုခံတော်လှန်စစ် ဆင်နွှဲနေပြီး လက်ရှိတွင်လည်း စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်အထိ စစ်ရေးခြိမ်းခြောက်မှုများ ပြုလုပ်နိုင်နေပြီဟု ယာယီသမ္မတက ‌ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဆင်ဖြူရှင်တံတားမှ အထက်သို့ဆန်တ​က်လာသော စစ်သင်္ဘော အုပ်စုက မြစ်ဘေးရှိ ကျေးရွာများအား ပစ်ခတ်နေ၍ ဒေသခံများမှာ ထွက်ပြေးတိမ်း ရှောင်နေ ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် စစ်သားများနှင့် Non-CDM ဝန်ထမ်းများ လိုက်ပါလာသော ရထားတွဲကို မိုင်းဆွဲ တိုက်ခိုက်ရာ ထိခိုက် သေဆုံးသူများပြားကြောင်း PHOENIX SGG အဖွဲ့မှ သိရသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ သော ကြောင့် ကျေးရွာ ၁၄ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော်သည် မိုးထဲရေထဲ ထွက်ပြေးတိမ်း ရှောင် နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ သိရသည်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ စွမ်းရည်ထက် ဆီဆိုင် တွင် တပ်စွဲထား သော အကြမ်းဖက်စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၄ - Chindwin Attack Force မှ သိရသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာနှင့် လက္ကူးကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ များအတွင်း အကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးကာ PDF တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးပြီး အကြမ်းဖက်စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ကာ နေအိမ် ၃၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ မှ ထုတ်ပြန်သည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြားကြောင်း ယောဒေသ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်၍ ကလေးငယ်နှင့် အမျိုးသမီးငယ်တို့ ဒဏ်ရာခဲ့ကြောင်းမင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ် ပွားပြီး နှစ်ဖက် အထိအခိုက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တဆိုင်ကို ရဲတပ်ကြပ် တဦးက ဓားပြတိုက်ကာ ငွေကျပ် ၁၀သိန်းယူဆောင်သွားကြောင်း ဖယ်ခုံမြို့နယ် ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။

ဖရူဆိုတိုက်ပွဲ၌ စစ်ကြောင်းမှူး ကာဗြေလယ် (ခ) ကြက်ဖကျဆုံးခဲ့ကြောင်း ကရင်နီအမျိုး အသားများ ကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၅)က ယနေ့ ထုတ်ပြန်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဗန်းမော်လမ်းပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကချင်ဒေသစစ်ရေး သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီ

ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်း မဟုတ်ဘဲ ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ရမည်ဖြစ် ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောသည်။

လူမှုကွန်ယက် စာမျက်နှာများနှင့် အင်တာနက် Websiteများတွင် ဖြန့်ဝေနေသည့် ၅၀ ကျပ် (ငါးဆယ်ကျပ်)နှင့် ၁၀၀ ကျပ် (တစ်ရာကျပ်) တန် ငွေစက္ကူတွေကို ရုပ်သိမ်းကြောင်း တရားဝင်ငွေ အဖြစ်က ရပ်ဆဲကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မှန်ကြောင်း စစ်ကောင်စီလက်အောက် ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။

ငွေစက္ကူ ၅၀ကျပ် တန်၊ ၁၀၀ ကျပ်တန်တို့ ရုပ်သိမ်းသည် သတင်းမှား ဖြန့်ဝေသူများကို ဖော်ထုတ်ပြီးထိရောက်စွာပြစ်ဒဏ်ချမှတ်သွားမည်ဟုအကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ် က ထုတ်ပြန်သည်။

လက်ရှိတွင် ကုန်ဈေးနှုန်းများ ကျဆင်းစေရေး စနစ်တကျဆောင်ရွက်နေပြီး နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက်ကိုလည်း ထောက်ပံ့ငွေများ မကြာမီ ထပ်မံပေးအပ်သွားမည်ဟု အကြမ်းဖက်မင်းအောင်လှိုင်ကပြောပြန်သည်။

တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးသည် အမျိုးသားရေးရည်မှန်းချက်နှစ် ရပ် ဖြစ်ပြီး ပြည်သူပြည်သားအားလုံး မပူမပင်မကြောင့်မကျနှင့် ‌အေးချမ်းစွာနေထိုင် လုပ်ကိုင်စား သောက်နိုင် ရမည်ဟု အကြမ်းဖက်မင်းအောင်လှိုင်ကပြောသည်။

တရုတ်နိုင်ငံမှ ရိုက်ကူးထားသည့် "No More Bets" ရုပ်ရှင်သည် မြန်မာနိုင်ငံ၏ပုံရိပ် ထိခိုက် ညှိုးနွမ်း ရ၍ ထိုရုပ်ရှင်ကို ကန့်ကွက်ကြောင်း တရုတ်နိုင်ငံကို စစ်ကောင်စီက ရှင်းပြခဲ့ သည်ဟု စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ဖော်ပြသည်။

စက်တင်ဘာ ၃၀ ရက် သုံးသပ်ချက်

အာဏာလုမင်းအောင်လှိုင်က ၎င်းညံ့ဖျင်းမှုကို ဝန်မခံဘဲ သူ့လက်အောက်ဝန်ထမ်းများကို မစားရ ဝမခန်း ကုန်ဈေးနှုန်းကျဆင်းအောင်လုပ်နေပြီး ထောက်ပံ့ငွေပေးမည်စသည်ဖြင့် ပြောဆိုစည်းရုံးနေသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်သည် အားကောင်းလာခြင်းကြောင့် တိုက်ပွဲများ နိုင်ငံအနှံ့ဖြစ်လာနိုင်ဖွယ်ရှိပြီး ပိုမိုပြင်းထန်လာနိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required