CRSH နဲ့ စစ်ကိုင်းက သပိတ်ကော်မတီဝင်တွေ တွေ့ဆုံမှု ဘာတွေ ဆွေးနွေးခဲ့ကြလဲ (ရုပ်/သံ)

By ကိုခင်မောင်(မဇ္စျိမ)
30 September 2023
CRSH နဲ့ စစ်ကိုင်းက သပိတ်ကော်မတီဝင်တွေ တွေ့ဆုံမှု ဘာတွေ ဆွေးနွေးခဲ့ကြလဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRSH) ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ CRSH အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့နဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီဝင််တွေ စစ်ကိုင်းမြေပြင်တနေရာမှာ  စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

စစ်ကိုင်း ကြားကာလ ဖက်ဒရယ်ယူနစ် ဥပဒေမှုကြမ်းရေးဆွဲဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်းဖို့ လာရောက်ပြီး တွေ့ဆုံတာဖြစ်တယ်လို့ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူက မဇ္ဈိမကို ပြောပါတယ်။

ကြားကာလအစီအမံအတွက် ကော်မရှင်တရပ် ဖွဲ့စည်းတဲ့ နေရာမှာ အစုအဖွဲ့ဝင် ၅ ဖွဲ့ဖြစ်တဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ အင်အားစု၊ CDM အင်အားစု၊ သပိတ်တိုက်ပွဲအင်အားစု၊ ဌာနနေတိုင်းရင်းသား အင်အားစုတို့ ပါဝင်နိုင်ရေး အလေးပေး ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ကြားကာလစီမံချက်ပေါ်ပေါက်လာရင် ဘာတွေဆက်ဖြစ်လာမလဲ အကြောင်းအပြည့်အစုံကို ကိုကင်းမွန်က ပေးပို့တင်ဆက်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly