ဒီပဲယင်းမြို့နယ်က စစ်ရှောင်တွေအတွက် ရိက္ခာနဲ့ကူညီထောက်ပံ့မှုတွေလိုအပ်(ရုပ်၊သံ)

By KMN (မဇ္ဈိမ)
29 September 2023
ဒီပဲယင်းမြို့နယ်က စစ်ရှောင်တွေအတွက် ရိက္ခာနဲ့ကူညီထောက်ပံ့မှုတွေလိုအပ်(ရုပ်၊သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင် ၂,ဝဝဝ ကျော်အတွက် ရိက္ခာနဲ့ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာဝန်းကျင်ကို စက်တင်ဘာလ ၂၅ ရက်မှာ စစ်ကြောင်းထိုးခဲ့ပါတယ်။ 

ဒါ့အပြင်  စက်တင်ဘာလ ၂၆ ရက်နေ့မှာ မုံရွာ နမခ က တက်လာတဲ့ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစီးဟာ ဒီပဲယင်းနယ် အရှေ့ခြမ်းက ညောင်လှ၊ မူးခံတွင်း ၊ လက်ယက်ကုန်း နဲ့ သစ်တုံကျေးရွာတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဟာ မြေပြင်စစ်‌ကြောင်း‌အပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် လက်ယက်ကုန်းကျေးရွာ အနီးအနားမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာ‌ကျော်က ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ခဲ့ရတာပါ။ 

အဲ့ဒီအထဲက နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၂,ဝဝဝ ကျော်အတွက် ဆန်၊ ဆီ ၊ ရိက္ခာတွေ ကူညီထောက်ပံ့ဖို့ နေ့စဉ်လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်က ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

#စစ်ကိုင်းတိုင်း
#စစ်ဘေးရှောင်
#စာနပ်ရိက္ခာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly