မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA က ဗိုလ်မှူးချုပ် Peng Kun ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ "ဝ" ပြည်နယ်ကို ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ကြပါတယ်။
စက်တင်ဘာလ ၂၆ရက်နေ့မှာလာရောက်ခဲ့တာဖြစ်ပြီး ဆောင်းဦးရာသီ ပွဲတော်အချိန်ကာလ ချစ်ကြည်ရေးခရီးစဉ်သက်သက်သာဖြစ်တယ်လို့ UWSA- လားရှိုးမြို့ဆက်ဆံရေးရုံး၊ တာဝန်ခံ ဦးညီရမ်းက မဇ္ဈိမကိုပြောပါတယ်။
ကိုးကန့် ကိုယ်စားလှယ်အဖွဲ့ကို "၀" ပြည်နယ် အစိုးရနဲ့ ဝ တပ်မတော်တို့ကကြိုဆိုခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံတဲ့ချစ်ကြည်ရေးခရီးမှာ ဆွေးနွေးပွဲတွေလည်းပြုလုပ်ခဲ့ကြပြီးတော့ “တော်လှန်ရေးခရီးတွင် မျိုးဆက်ဟောင်း များထံမှ အမွေဆက်ခံခဲ့သော တော်လှန် ရေးချစ်ကြည်ရင်းနှီးမှုသည် မျိုးဆက် သစ် လူငယ်များထံ ဆက်လက် လက်ဆင့်ကမ်း သွားမယ်လို့ “ ပြောကြားခဲ့ကြတာရှိတယ်လို့ ကိုးကန့်သတင်းမှာဖော်ပြပါတယ်။
တည်းဖြတ်/တင်ဆက်- မိုးသောက်