စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် AA ဗိုလ်ကြီး ၁ ဦး ကျဆုံး၊ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေ မစိုးရိမ်ရဘူးလို့ AA ပြော

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် AA ဗိုလ်ကြီး ၁ ဦး ကျဆုံး၊ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေ မစိုးရိမ်ရဘူးလို့ AA ပြော

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးဟာ KIA ဌာနချုပ် ကချင်ပြည်နယ်၊ လိုင်ဇာအနီးက ရက္ခိုင့်တပ်တော် (AA) တပ်စခန်း တခုကို ကျရောက်ပေါက်ကွဲပြီး AA ရဲ့ ဗိုလ်ကြီးတဦး လက်နက်ကြီးကျထိမှန် ကျဆုံးသွားတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက မဇ္ဈိမကို အတည်ပြုပါတယ်။

စက်တင်ဘာလ ၂၈ ရက်၊ မနေ့က မနက် ၁၀ နာရီလောက်မှာ ခါယာတောင်ကြောမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးဟာ ရက္ခိုင့်တပ်တော် (AA) ရဲ့ မုန်လိုက်ခတ် စခန်းမှာ ကျရောက် ပေါက်ကွဲခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်ခဲ့ တာလို့ ဦးခိုင်သုခက ပြောပါတယ်။

ထိခိုက်ဒဏ်ရာသူ တပ်ဖွဲ့ဝင် အရေအတွက်ကို တိတိကျကျ မသိရပေမယ့် ဒဏ်ရာရတပ်ဖွဲ့ဝင်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ ဦးခိုင်သုခက ဆိုပါတယ်။

လိုင်ဇာမြို့ဟာ ရက္ခိုင့်တပ်တော် (AA) ရဲ့ ယာယီဌာနချုပ် အခြေပြုထားတဲ့ နေရာလည်း ဖြစ်သလို့ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာလည်း AA တပ်စခန်းတွေ၊ တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်နေရာ ယူထားတာပါ။

ကချင်ပြည်နယ်၊ KIA လိုင်ဇာအနီးက နန်ဆန်ယန် ဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ ပြီးခဲ့တဲ့ ဇူလိုင်လ အစောပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

AA တပ်စခန်းပေါ် လက်နက်ကြီးကျရောက်ပြီး ထိခိုက်ကျဆုံးမှုနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ခိုင်သုခကို ကိုနောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly