Gates ဖောင်ဒေးရှင်းစီစဉ်တဲ့ ဖွံံ့ဖြိုးရေးဦးတည်ချက်များ သုံးသပ်မှု | VOA On Mizzima

Gates ဖောင်ဒေးရှင်းစီစဉ်တဲ့ ဖွံံ့ဖြိုးရေးဦးတည်ချက်များ သုံးသပ်မှု | VOA On Mizzima

ကမ္ဘာတဝှမ်း မိခင်နဲ့ကလေးသေဆုံးမှု လျှော့ချနိုင်ရေးကိစ္စတွေကို အဓိကထားဆွေးနွေးသွားကြောင်းနဲ့ မြန်မာနိုင်ငံတွင်းက လိုအပ်နေသူတွေကိုလည်း အိန္ဒိယရုံးခွဲကနေတဆင့် ထောက်ပံ့ကူညီနေကြောင်း စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ဂိုးဖမ်းသမားများလို့ တင်စားခေါ်တဲ့ Goalkeepers ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ဒေါက်တာ မျိုးမြင့်အောင်က ပြောပါတယ်။ ကောင်းမွန်တိုးတက်တဲ့အနာဂတ်ကို ရှေ့ရှုဆွေးနွေးခဲ့ကြပြီး ဒီပွဲကို Bill and Melinda Gates Foundation က ကမကထပြု ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊Nebraska ပြည်နယ်အခြေစိုက် CHI Health ပရဟိတဆေးရုံကွန်ယက်က အရည်အသွေးမြှင့်တင်ရေး ညှိနှိုင်းရေးမှူး ဒေါက်တာမျိုးမြင့်အောင်ကို မအိသန့်စင် Skype ကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly