နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ စက်တင်ဘာ ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ စက်တင်ဘာ ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ယနေ့ကျရောက်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၅ နှစ်ပြည့် အခမ်းအနားအတွက် သဝဏ်လွှာကို ပေးပို့ လိုက်သည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ယနေ့ကျရောက်သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် တည်ထောင်ခြင်း ၃၅ နှစ်ပြည့် အခမ်းအနားအတွက် သဝဏ်လွှာကို ပေးပို့ လိုက်သည်။ 

  • ပြည်သူကို အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်သားအယောက် ၃၀ ဦးကို တရက်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်း နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း ၊ ရေဦးမြို့မှာ အကြမ်းဖက်စစ်တပ်က ဗျူဟာအထိုင်ချထားသည့် နေရာများကို ပြည်သူ့ရင်ခွင် ခိုလှုံရန်အတွက် လက်ကမ်းစာရွက်တွေ ဒရုန်းနဲ့ ကြဲချမှုများပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

  • မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွာမထုံးကျေးရွာ ရှိ အမှတ်(၁၅)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)အား ရှော့တိုက်ဒုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်သည်။ 

  • မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ယနေ့တွင်ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတည်ထောင်ခြင်း ၃၅နှစ် မြောက် သတင်းထုတ်ပြန်ချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် ပါတီ၏ဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်လွတ်မြောက်ရေး တို့အတွက် အလေးပေး ဖော်ပြထားသည်။ 

  • ကျောက်ဆည်မြို့နယ်၊ အနောက်ငယ်တိုးကျေးရွာမှ ဦးဖိုးအောင်(ခ)အောင်မင်းဆိုသူသည် စစ် ကောင်စီ နှင့် ပူးပေါင်းကာ လူထုတော်လှန်ရေးအား ဒုက္ခပေးနေ၍ သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ ကြောင်းဒေသကာကွယ်ရေးရဲဘော်များကပြောသည်။ 

  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက သားအဖနှစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းအား လမ်းဘေးတနေရာတွင် စွန့်ပစ်သွား ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြဝတီဘဏ်တွင် လုံခြုံရေးယူ ထား သည့် စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာလ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပစ်ခတ်တိုက် ခိုက်ခဲ့ ကြောင်းရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။ 

  • မြန်မာတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေသလို နိုင်ငံ၌ လူ့အခွင့်အရေးအခြေအနေသည် ယိုယွင်းဆိုးရွားနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။ 

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ အကြောင်းမဲ့သတ်ဖြတ်ခံလိုက်ရသည့် အမျိုးသမီး စုစုပေါင်း ၁၀ဦးရှိသည်ဟု ယနေ့ပြုလုပ်သည့် ပါတီ ၃၅ နှစ်မြောက် အခမ်းအနားတွင် ဗဟို အမျိုး သမီး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဒေါ်မေဝင်းမြင့် ဖတ်ကြားသည့် ဖက်ဒရယ်ဒီမိုကရေ စီအရေး ဆောင်ရွက်ထားမှုအခြေအနေနှင့်ပတ်သက်သည့် စာတမ်းအရသိရသည်။ 

  • အရပ်သားအစိုးရအဖွဲ့ လက်ထက်ကခန့်အပ်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်အသိအမှတ်ပြုပေးရန် ကုလသမဂ္ဂ အ ရည်အချင်းစစ်ကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တိုက်တွန်းသည်။ 

  • ကချင်ပြည်နယ် ရွှေကူမြို့နယ် ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းမှူး ဒဏ်ရာရကာ၊ ကိုးဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရခဲ့သည်ဟု မြို့လှK-PDF အဖွဲ့က သတင်းထုတ်ပြန်သည်။ 

  • မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသော အကြမ်းဖက် စစ်တပ်အနေဖြင့် အာဏာ အလွဲသုံးစား မှုကို ချက်ချင်း စွန့်လွှတ် အပြောင်းအလဲ လုပ်မည် မဟုတ်၍ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီအနေ ဖြင့် မြန်မာ့အရေးကို အပြည် ပြည် ဆိုင်ရာ ရာဇဝတ် တရားရုံး ICC သို့ လွှဲပြောင်း‌ပေးရန် ကုလသမဂ္ဂ လူ့ အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီး Volker Türk က တောင်းဆိုလိုက်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • အကြမ်းဖက်စစ်တပ်က မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသဖြစ်သည့် ကရင်ပြည်နယ်၊ ကော်သူးလေ ဒေသတွေ မှာ ထိန်းချုပ်နိုင်မှု သိသိသာသာကျဆင်းသွားပြီဖြစ်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN ၏အစီရင်ခံစာမှာ ဖော်ပြထားသည်။ 

  • အကြမ်းဖက် စစ်ကောင်စီက စစ်အာဏာသိမ်းပြီးချိန်မှ စတင်၍ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် စစ်ကောင်စီက စစ်ရေးနှင့်အုပ်ချုပ်ရေးများကို လက် လွှတ် နေရပြီး KNU နှင့် မဟာမိတ်တပ် ပေါင်းစု က ပိုမိုထိန်းချုပ် လာနိုင် ကြောင်း၊ ရန်ကုန်-နေပြည်တော် အကြား သယ်ယူပို့ဆောင်ရေးကို တိုက်ရိုက် ခြိမ်းခြောက်နေကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် KPSN က အစီရင်ခံစာတစ်ရပ် ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ 

  • ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA)မှ တပ်ကြပ်ကြီးတဦး ကျဆုံးသွားကြောင်း CNA ပြောရေး ဆိုခွင့်ရှိသူထံမှ သိရသည်။ 

စစ်ကောင်စီ 

  • စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ် တစ်ထောင်ခန့် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၂၈၁ ဦးသေဆုံး ခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ၏ စက်တင်ဘာလ အစီရင်ခံစာတွင် ဖော်ပြသည်။ 

  • ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့မရဲစခန်းအချုပ်ကနေ အချုပ်ခန်းခေါင်မိုးဖောက်ပြေးသွားသည့် တရားခံများထဲက ၄ ဦးကို ပြန်လည်ဖမ်းမိပြီဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေးက ထုတ်ပြန်သည်။ 

  • မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များရောင်းရင် ဆက်သွယ်ရေး ဥပဒေနှင့်အရေးယူမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ 

  • နှစ်စဉ် စက်တင်ဘာ၂၇ရက်မှာ ကျရောက်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကမ္ဘာ့နိုင်ငံများနှင့် အတူ စစ်ကောင်စီကလည်းကျင်းပပြုလုပ်သွားမှာဖြစ်ရာ နေပြည်တော်MICC (ll) မှာ ပြခန်း၊ပြပွဲ ၊ ပြိုင်ပွဲတွေပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

  • ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေက မြို့နယ်များနှင့် တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များက မြို့နယ်တချို့မှာ ရက် ၄၀ ကြာ စာတတ်မြောက်ရေးလုပ်ငန်းကို လာမည့် ဒီဇင်ဘာလကစပြီး ဆောင်ရွက်မှာဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပြောသည်။ 

  • တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရချင်း ဆက်ဆံရေး ကောင်းမွန်တိုးတက်နေကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်း ပြောဆိုချက်ကို ကိုးကား၍ Sky Net One News တွင်ရေးသားထားသည်။ 

စက်တင်ဘာ ၂၇ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီထိန်းချုပ်နယ်မြေများ လျော့နည်းလာပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပိုမိုထိန်းချုပ်လာနိုင်သည့် အချိန်တွင် အာဏာသိမ်းစက ရုရှားအားကိုခဲ့သည့် စစ်ကောင်စီသည် တရုတ်ကို ပြန်လည် အားကိုးလာသည်ကို တွေ့ရသည်။ 

  • အကြမ်းဖက်စစ်တပ်သည် နိုင်ငံတကာမှ ပြောဆိုနေသည်ကြားမှ ဂရုမစိုက်ဘဲ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် ရက်စက်စွာညှင်းပန်းသတ်ဖြတ်မှုများကို ဆက်တိုက်ကျူးလွန် နေသလို နိုင်ငံတကာမှလည်း အကြမ်းဖက်မြန်မာစစ်တပ်ကို အရေးယူနိုင်ရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေ သည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly