ကနီက စစ်ဘေးဒုက္ခသည် ၂ ထောင်ကျော် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေ (ရုပ်/သံ)

By KMN (မဇ္ဈိမ)
26 September 2023
ကနီက စစ်ဘေးဒုက္ခသည် ၂ ထောင်ကျော် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင် ၂၅ဝဝ ကျော် အတွက် ဆန်နဲ့  စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးသူတွေကပြောပါတယ်။

ယင်းမာပင်မြို့နယ် စည်သူ သစ်ကွင်းက သစ်တွေကို သြဂုတ်လ ၆ ရက်နေ့ ဝန်းကျင်က စတင်ပြီး စစ်ကောင်စီတပ်တွေက ခိုးယူသယ်ဆောင်ကာ အနီးပတ်ဝန်းကျင်ရွာတွေကို ပစ်ခတ်မီးရိူ့ခဲ့ပါတယ်။
ဒါ့ကြောင့် သစ်ကွင်းအနီးနားက ကျောက်မော်၊ ကျွန်းပေါ် ၊ ပန်းတိမ်ပြင်ရွာစတဲ့ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ ကနီမြို့နယ်ထဲ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ကနီမြို့နယ် ချင်းတွင်း မြစ်ကမ်းဘေး တလျှောက်က ကျေးရွာ ၃၀ နီးပါးက ဒေသခံတွေဟာလည်း စစ်ကောင်စီသင်္ဘောတွေ ဝင်ထွက်သွားလာ ပစ်ခတ်နေတာကြောင့် မကြာခဏ စစ်ဘေးရှောင်နေရတယ်လို့ ကနီမြို့နယ် သပိတ် ဦးဆောင်သူက မဇ္ဈိမကို ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN 
#ကနီ
#စစ်ဘေးရှောင်
#အကူညီလို
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly