စစ်ကောင်စီထုတ်ကုန်မသုံးစွဲရေး “ဘူး” သပိတ်တွင်ပါဝင်ရန် ဇတ်လမ်းတို ဖြန့်ချိ

By ပါခွီး (မဇ္ဈိမ)
26 September 2023
စစ်ကောင်စီထုတ်ကုန်မသုံးစွဲရေး “ဘူး” သပိတ်တွင်ပါဝင်ရန် ဇတ်လမ်းတို ဖြန့်ချိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်းထား သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာပေါင်းစုံသပိတ်ကော်မတီက စစ်ကောင်စီထုတ်ကုန်များ မသုံးစွဲရေး “ဘူး” သပိတ်တွင်ပါဝင်ကြရန် ရိုက်ကူးထားသည့်ဇာတ်လမ်းတိုတပုဒ်ကို မဇ္စျိမသို့ပေးပို့လာ သည်။
ယင်းဇာတ်လမ်းကို ရွာပေါင်းစုံသပိတ်ကော်မတီနှင့် အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု (GSCB) မှ ပူပေါင်းတင်ဆက်ထားခြင်းဖြစ်ကြောင်း သိရသည်။
၁၂ မိနစ်ကျော်ကြာသော ဇာတ်လမ်းတွင် စစ်တပ်ထုတ်ကုန်သုံးစွဲခြင်းအားဖြင့် စစ်အာဏာရှင်သက်ဆိုး ရှည်စေရန် အထောက်အကူပြုပုံနှင့် ထုတ်ကုန်များ မသုံးစွဲခြင်းဖြင့် တော်လှန်ရေးတွင်ပါဝင်ကြတောင်းဆို ပုံများကို သရုပ်ဆောင်တင်ပြထားခြင်းဖြစ်သည်။
“ဘူး”သပိတ်ဇာလမ်းတိုထုတ်လုပ်မှုတွင် ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် ကိုစနေမှတာဝန်ယူခဲ့ပြီး ကျေးရွာပေါင်းစုံသပိတ်ကော်မတီမှ ကိုလွမ်းသူ ၊ ကိုအောင်သူ ၊ ကိုမင်းခိုင်နှင့် ယမာကာလုလင် အဖွဲ့သား များပါဝင်သရုပ်ဆောင်ထား ကြောင်းသိရသည်။

စာတည်း။  ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#ဘူးသပိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly