၈၈ ကျောင်းသားဟောင်း ဦးဇော်ဇော်မင်း၏ နာရေးအခမ်းအနား မဲဆောက်တွင်ပြုလုပ် (ရုပ်သံ)

By ဂန္ဒမာ (မဇ္ဈိမ)
26 September 2023
၈၈ ကျောင်းသားဟောင်း ဦးဇော်ဇော်မင်း၏ နာရေးအခမ်းအနား မဲဆောက်တွင်ပြုလုပ် (ရုပ်သံ)

၈၈ ကျောင်းသားဟောင်း ဦးဇော်ဇော်မင်းရဲ့ နာရေးအခမ်းအနားကို ဒီကနေ့  စက်တင်ဘာလ ၂၅ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့က ဘုန်တော်ကြီးကျောင်းတခုမှာ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်အချိန်မှာ မီးင်္သဂြိုဟ်မှုပြီးစီးသွားပါတယ်။ 

ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝ(ခေါ်)ကိုဒီငြိမ်းလင်းက ဖခင်ဖြစ်သူရဲ့နောက်ဆုံးခရီးကို လူကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိဘဲ  အွန်လိုင်းကတဆင့် ကန်တော့ပြီးတက်ရောက်လာသူတွေကို ကျေးဇူးတင်စကားဆိုသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်ဇော်မင်းဟာ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်က အသဲရောဂါနဲ့ ကွယ်လွန်သွားတာပါ။

ရိုက်ကူး ၊ တင်ဆက် - ဂန္ဒမာ
တည်းဖြတ် - ဆုလေး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly