ထိုင်းရောက် ဒုက္ခသည်ယာယီခိုလှုံခွင့် စစ်ဆေးမယ့် အစီအစဉ် | VOA On Mizzima

By VOA
26 September 2023
ထိုင်းရောက် ဒုက္ခသည်ယာယီခိုလှုံခွင့် စစ်ဆေးမယ့် အစီအစဉ် | VOA On Mizzima

ထိုင်းနိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည်တွေ ယာယီခိုလှုံခွင့် လျှောက်ထားဖို့အတွက် နောက်ခံသမိုင်းကြောင်းတွေကို စစ်ဆေးမယ့် အစီအစဉ် ဒီလကုန်လောက်မှာ စတင်ဖို့ ထိုင်းအာဏာပိုင်တွေ ပြင်ဆင်နေပါတယ်။ ခိုလှုံခွင့် ငြင်းပယ်ခံရသူတွေကို ချက်ခြင်းဆိုသလို နေရပ်ရင်း ပြန်ပို့တာတွေ လုပ်လာနိုင်တဲ့အတွက် ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အာမခံဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေပါတယ်။ စစ်ဆေးမေးမြန်းတာတွေမှာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ အညီလုပ်ဖို့လိုပြီး ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုကို အာမခံဖို့နဲ့ ဒုက္ခသည်တွေ အပေါ် မတရား အနိုင်ကျင့်တာ မျိုးတွေ မဖြစ်အောင် ကာကွယ်ပေးဖို့ ထောက်ပြပြောဆိုနေပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး မဆုမွန် တင်ဆက်ထားပါတယ်။

#မဇ္ဈိမအတွက်ဗွီအိုအေ

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly