NCA (၈)နှစ်ပြည့် ကျင်းပဖို့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ဆွေးနွေးမှုရှိ

By မိုးသောက် (မဇ္ဈိမ)
25 September 2023
NCA (၈)နှစ်ပြည့် ကျင်းပဖို့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ဆွေးနွေးမှုရှိ

နေပြည်တော်မှာ အကြီးအကျယ် ကျင်းပဖို့ပြင်ဆင်နေတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးတဲ့ (၈)နှစ်ပြည့်အထိမ်းအမှတ်ကျင်းပဖို့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ စစ်ကောင်စီအကြား ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတာ ရှိပါတယ်။

NCA (၈)နှစ်ပြည့် အခမ်းအနားကျင်းပဖို့ဆွေးနွေးမှုတွေမှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့က ခေါင်း ဆောင်တွေနဲ့ အသိသက်သေအဖြစ်ပါဝင်ခဲ့တဲ့နိုင်ငံတွေကိုပါ ဖိတ်ကြားဖို့ ဆွေးနွေးကြတာမျိုးရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA-PC)က  ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

NCAစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ အစိုးရ၊  စစ်တပ်၊ လွှတ်တော်တို့ လက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ်။ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ (EU)၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန် စတဲ့နိုင်ငံတွေက အသိသက်သေ အဖြစ် လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ကသာ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေတာပါ။ ကျန်သုံးဖွဲ့ဖြစ်တဲ့ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမို ကရက်တစ်တပ်ဦး(ABSDF)တို့ကတော့ NCA ဟာ ပျက် ပြယ်သွားပြီလို့ ပြောဆိုထားပြီး နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက် မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly