'အရမ်းကို ပျော်တာပဲ!'လို့ ပြောတဲ့ အသက် ၉ နှစ်အရွယ် အာရှအားကစားပြိုင်ပွဲ စကိတ်ဘုတ်ကစားသမား

'အရမ်းကို ပျော်တာပဲ!'လို့ ပြောတဲ့ အသက် ၉ နှစ်အရွယ် အာရှအားကစားပြိုင်ပွဲ စကိတ်ဘုတ်ကစားသမား

မာဇယ် ပဲရစ်အလီဂါဒိုဟာ မူလတန်းကျောင်းတက်အရွယ်လောက်ဖြစ်လင့်ကစား သူမလေးဟာ တနင်္လာနေ့က အာရှအားကစားပြိုင်ပွဲရဲ့ စကိတ်ဘုတ်ကစားနည်းကို အသက် ကိုးနှစ်အရွယ်မှာပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဟန်ကျိုးမြို့ရှိ အားကစားပြိုင်ပွဲမှာ အသက်အငယ်ဆုံး အားကစားသမားလို့ ယူဆရတဲ့ အလီဂါဒိုဟာ ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု "women's" park final အတွက် ဝင်ခွင့်ရခဲ့ပြီး ဖိုင်နယ်မှာ (၈)ယောက်ထဲမှ (၇) ယောက်မြောက် နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှ အသက် ၁၅  နှစ်အရွယ် ဝါရင့် ပြိုင်ဘက် ဟီနာနို ကူဆာကီက ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။

မတ်လက အသက် ကိုးနှစ်ပြည့်ခဲ့ပြီး ကယ်လီဖိုးနီးယားကနေ လာတယ်လို့ သတင်းထွက်နေတဲ့ အလီဂါဒိက သူမဟာ အစ်ကိုဝမ်းကွဲရဲ့ အိမ်မှာရှိနေခဲ့စဉ်က အကိုဖြစ်သူ စကိတ်စီးနေတာကို သူမမြင်ခဲ့ရချိန်ကစလို့ သူမဟာ စကိတ်ဘုတ်ကစားနည်းကို စိတ်ဝင်စားလာခဲ့ကြောင်း ပြောပါတယ်။

"နောက်တော့ သမီး ဒါကို ကြိုက်မိခဲ့ပြီး 'သမီး ဒါကို စမ်းကြည့်လို့ရမလား၊ ကြိုးစားကြည့်လို့ရမလား'"လို့ သူမက ပြောပါတယ်။ "ပြီးတော့ ဘုတ်ပြားပေါ်တက်စီးခဲ့ပြီး ဒါကို သဘောကျသွားခဲ့တာပါပဲ။"

အလီဂါဒိုက နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ရတဲ့ သူမရဲ့ခံစားချက်ကို ပြောပြရာမှာ "အာရှအားကစားပြိုင်ပွဲမှာ စကိတ်စီးပြိုင်ရတော့မှာမို့လို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်၊ ဒါကို လုပ်ခဲ့လိုက်တာပါပဲ။ ဒီတော့ ဒါက အရမ်းပျော်စရာ ကောင်းတယ်'။"လို့ ပြောပါတယ်။

အစ်ကိုဖြစ်သူက အခုထိ စကိတ်စီးနေသေးလားလို့ မေးတော့ သူမက "နိုး မလုပ်တော့ပါဘူး၊ သူက စကိတ်စီးတာကို ကြိုက်ခဲ့လို့ပါ။ 'အိုးဒမ်း၊ အခုချိန်မှာ သူထက် သမီးက ပိုတော်နေပြီလေ' ဒီတော့ သူ နားသွားခဲ့တာပေါ့"လို့ ပြန်ဖြေပါတယ်။

ဖိုင်နယ်မှာ အလီဂါဒိုဟာ အောက်ဆုံးအဆင့်ကို ရှောင်ရှားခဲ့ပြီး ထိုင်ဝမ်မှ အသက် ၁၁ နှစ်အရွယ် လင်း-ရီဖန်က အောက်ဆုံးမှာ ရပ်တည်ခဲ့တာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly