အာရှအားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားအလံလွှင့်ထူခြင်းကို OCA ကာကွယ်

By AFP
25 September 2023
အာရှအားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားအလံလွှင့်ထူခြင်းကို OCA ကာကွယ်

တားမြစ်ဆေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တားမြစ်ပိတ်ပင်ထားပေမယ့်လည်း အာရှအားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားအလံကို လွှင့်ထူပြသခွင့်ပြုဖို့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကို အာရှအိုလံပစ်ကောင်စီရဲ့ အကြီးအကဲ ရာဂျာ ရမ်ဒီဆင်းက ခုခံကာကွယ်ခဲ့ပါတယ်။

ကမ္ဘာ့တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေးအေဂျင်စီ (WADA)က နိုင်ငံရဲ့ အမျိုးသား တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေးအဖွဲ့အစည်းဟာ ၂၀၂၁ မှာ “လိုက်နာမှု မရှိ” ကြောင်း ကြေညာခဲ့ပြီး သူတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့အတူ ချမှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အိုလံပစ်နဲ့ မသန်စွမ်း အားကစားပြိုင်ပွဲတွေကလွဲလို့ ဘယ်ဒေသတွင်းမဆို၊ တိုက်ကြီး ဒါမဟုတ် ကမ္ဘာ့အားကစားပြိုင်ပွဲတွေမှာ သူတို့အလံကို လွှင့်တင်ခွင့်မရှိခြင်းတို့ ပါဝင်ခဲ့ပါတယ်။

ဒီကြားထဲမှာပဲ မြောက်ကိုရီးယားအလံကို သူတို့ရဲ့ အားကစားသမားကိုယ်စားလှယ်အဖွဲ့မှ အာရှအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအတွက် စနေနေ့က ဟန်ဂျိုး အိုလံပစ်အားကစားကွင်းဆီ သယ်ဆောင်ခဲ့တာပါ။

“ကျနော်တို့ဟာ သူတို့ (WADA) နဲ့ ဆွေးနွေးနေပြီး မြောက်ကိုရီးယားက သူတို့ဆီ စာရေးသားပေးပို့ပြီး သူတို့ရဲ့ ရပ်တည်ချက်ကိုလည်း ရှင်းပြထားပါတယ်”လို့ OCA ယာယီဥက္ကဋ္ဌ ဆင်းက ပြောပါတယ်။

“ကျနော်တို့ဘက်ကနေလည်း ရှင်းပြနေပါတယ်။

“လက်ရှိမှာ မြောက်ကိုရီးယားအလံဟာ လွှင့်တင်ထားပြီး၊ အနာဂတ်မှာ ဘာပြောဆိုလာမလဲဆိုတာကို ကျနော်တွေ စောင့်ကြည့်သွားမှာပါ။”

"အားလုံး ပါဝင်သင့်ပြီး ပါဝင်ဖို့ အခွင့်အရေးရှိပါတယ်။ ကပ်ရောဂါကနေ ဖြစ်ပေါ်လာခဲ့တဲ့ သတ်မှတ်ကိစ္စရပ်တွေရှိတယ်ဆိုရင် ဒါကို ကျနော်တို့ ထည့်သွင်းစဉ်းစားသင့်ပါတယ်"လို့ ဆင်းက ထည့်ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ Covid ရောဂါဖြစ်ပွားပြီးနောက် ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ နိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်ချလိုက်ပြီးချိန်မှာပဲ WADA ဟာ အာရှနိုင်ငံကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ဒါကြောင့် သူတို့ဟာ ကပ်ရောဂါကြောင့် ၂၀၂၁ ကို ပြောင်းရွှေ့ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်မှာ မပါဝင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

အဲဒီနောက် တိုကျိုမှာ ပါဝင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ၂၀၂၂ ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကနေ  မြောက်ကိုရီးယားကို နိုင်ငံတကာ အိုလံပစ်ကော်မတီက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားဟာ သူတို့ရဲ့ တင်းကျပ်တဲ့ အစီအမံတွေကို လျှော့ပေါ့ပေးဖို့ မကြာသေးခင်က ဖြည်းဖြည်းချင်း ပြန်လည်စတင်ဖွင့်လှစ်နေပြီဖြစ်ပြီး ဟန်ကျိုးဆီ ကစားသမား အင်အား ၂၀၀ နီးပါးစေလွှတ်ကာ ကမ္ဘာလုံးဆိုင်ရာ အားကစားနယ်ပယ်မှာ သူတို့ရဲ့ နှစ်ပေါင်းများစွာ အထီးကျန်မှုကို အဆုံးသတ်နေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly