နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ စက်တင်ဘာ ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ စက်တင်ဘာ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

မွန်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ် နှင့် တော်လှန်ရေး မဟာမိတ် ပူးပေါင်းအဖွဲ့တို့ ၃ရက်တာ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ကြောင်း အမျိူးသားညီညွတ် ရေးအ စိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းတိုင်းအမှတ်(၃) စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)၊ တပ်မဟာ(၆)၊ တပ်မဟာ(၁) နယ်မြေနှင့် စစ်ကိုင်းဒေသ အချို့၌ တိုက်ပွဲဝင်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့က ၎င်းတို့၏ တာဝေး စစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း စမ်းသပ်ပျံသန်းမှု အခြေအနေကို ပြည်သူလူထုထံ ယနေ့ အသိပေးလိုက်သည်

တော်လှန်ရေး လှုပ်ရှားမှုများ

တေးသံရှင်လင်းလင်း ရိုက်ကူးထားသည့် The Way ရုပ်ရှင်ကို စက်တင်ဘာ ၂၃ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြသခဲ့ပြီး လက်မှတ်အစောင်ရေ ၁၄၀၀ ကျော် ရောင်းချနိုင်ခဲ့ကာ လာရောက်သည့် ပရိသတ်မှာ ရုပ်ရှင်ရုံအပြည့် ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သည့် တာဝန်ရှိသူက ပြောသည်။

မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ မြို့မရဲစခန်းကို စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force(C.G.F) အဖွဲ့မှ သတင်းထုတ် ပြန်ထားသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုရင်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ပြည်သူနှစ်ဦးနှင့် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်ကျေးရွာ တရွာရှိ စျေးတစ်ခုတွင် ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ရွှေဝါရောင် တော်လှန်ရေး (၁၆) နှစ်ပြည့် အထိမ်းအမှတ် လူထုစည်းရုံးရေး လှုံဆော်မှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀ ဦးကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံ မှ သိရသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ Civic Center Plaza တွင် ပြည်ပ ရောက်မြန်မာများစုပေါင်း၍ သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် ဆက်လက်ခန့်ထားရေး ယနေ့ (စက်တင်ဘာ ၂၄) က ချီတက် ဆန္ဒပြခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေရရှိရေးဖလားဘောလုံးပြိုင်ပွဲနှင့် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု အလိုမရှိဆန့်ကျင်ကြောင်းဆန္ဒပြပွဲကို ကိုရီးယား- မြန်မာပူး ပေါင်းကာ ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ကြသည်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့အပါအဝင် ဥပဒေမဲ့ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးရန် Quad အဖွဲ့ဝင် ၄နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်တောင်း ဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေတာက အလွန်စိုးရိမ်ထိတ်လန့်ဖွယ် ကောင်းကြောင်း မလေးရှားဝန်ကြီးချုပ် အန္နဝါ အီဗရာဟင်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောဆိုခဲ့သည်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့၌ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထား ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်း တစ်ကျောင်းကို မရမ်းကုန်းမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဗလာ စာအုပ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဒုဗိုလ်တစ်ဦးအပါဝင် စစ် သား ၁၂ ဦးသေဆုံးခဲ့ကြောင်း Burma Rangers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က စက်တင်ဘာ ၂၂ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုး နေပြီး အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ရှိ ရှေ့တန်းတပ်များအား စစ်ကောင်စီတပ်က လေကြောင်းမှ ရိက္ခာနှင့်ခဲယမ်းများဖြည့်တင်းလျက်ရှိရာ စစ်ကောင်စီ၏ ရဟတ်ယာဉ် လုံခြုံရေးတပ်ကို တိုက်ခိုက်ခဲ့ကြောင်း KNUတပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်း ဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်မှ ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦး ကျည်ဆံများနှင့် လက်ပစ်ဗုံး ယူဆောင်လာပြီး အလင်းဝင်လာကြောင်း CDF Matupi Battalion- 2 က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ မန့်ဝိန်းရပ်ကွက် မန့်ဝိန်း(၂) လမ်းတွင် ယနေ့ စက်တင်ဘာလ ၂၃ရက် နံနက်ပိုင်းက ကားလုပြေးသည့်အဖွဲ့ကို လိုက်လံပစ်ခတ် ဖမ်းဆီးနေစဉ် ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မိ၍ တဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံထံက သိရသည်။

၅၀၀ ကေဗွီ ကံကောင်းဓါတ်အားခွဲရုံစီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံတောင်ပိုင်းကို လျှပ်စစ်ဓါတ် အားတွေ ပြည့်ဝစွာပို့လွှတ်နိုင်တော့မည်ဟုဆိုပြီး ယနေ့ထုတ်စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။

Kpay နှင့် wave payတို့အပါအဝင် မိုလ်ဘိုင်းငွေကြေးဝန်ဆောင်မှုများ ယာယီရပ်နာမည့်သတင်းမှာ မဟုတ်မှန်ပဲ ရန်ကုန်မြို့တော်ဘဏ် ၏ ငွေလွဲခြင်းလုပ်ငန်းစဉ်တွေသာရပ်ဆိုင်းခြင်းဖြစ်ကြောင်း အဆိုပါဘဏ်၏ ထုတ်ပြန်ထားချက်အရသိရသည်။

မြန်မာနိုင်ငံတွင်းက မြို့နယ်တွေအလိုက် စာမတတ်မြောက်သူ ဦးရေ စာရင်းကို စီမံချက်လုပ်ငန်းစဉ် တစ်ခုအနေဖြင့် သတ်မှတ်ကာ ကြိုတင်ကောက်ခံသွားတော့မှာ ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန က နေသိရသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ လွယ်ဂျယ်နယ်စပ်မှ အခုဘဏ္ဍာနှစ် ငါးလခွဲအတွင်း ကုန်သွယ်မှုတန်ဖိုးမှာ ယခင်ကာလတူနဲ့ နှိုင်းယှဉ်ပါက ထက်ဝက်နီးပါးလျော့ ကျခဲ့ကြောင်း  စစ်ကောင်စီစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စက်တင်ဘာ ၂၄ ရက် သုံးသပ်ချက်

၅၀၀ ကေဗွီ ကံကောင်းဓါတ်အားခွဲရုံစီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံတောင်ပိုင်းကို လျှပ်စ စ်ဓာတ်အား ပြည့်ဝစွာပို့လွှတ်နိုင်မည်ဟု စစ်ကောင်စီကဆိုပြန်သည်။ အာဏာသိမ်း စစ်အုပ်စု သည် လေလုံးသာထွားနေသော်လည်း တကယ်လက်တွေ့တွင် ဘာတစ်ခုမှဖြစ်မလာ သေးသည် ကို တွေ့ရသည်။

တော်လှန်ရေးအရှိန်မြင့်လာပြီး စစ်ကောင်စီစခန်းများသိမ်းပိုက်လာနိုင်သလို တဖက်တွင်လည်း PDF များအထိအခိုက်အကျဆုံးရှိနေကာ လက်နက်ခဲယမ်းမလုံလောက်မှုများလည်း ကြုံတွေ့နေရသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required