ထိုင်းနိုင်ငံကို တိမ်းရှောင်လာတဲ့ ကလေးများရေးဆွဲထားသည့် ပန်းချီကားပြပွဲပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)
23 September 2023
ထိုင်းနိုင်ငံကို တိမ်းရှောင်လာတဲ့ ကလေးများရေးဆွဲထားသည့် ပန်းချီကားပြပွဲပြုလုပ်

စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်လာရသော ကလေးများ ရေးဆွဲထားတဲ့ ပန်းချီကားပြပွဲကို ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် ည ၇ နာရီကစတင်ပြီး Borderline Galleryမှာ ပြုလုပ်‌နေပါတယ်။

ယခုပြုလုပ်တဲ့ပန်းချီပြပွဲက ကလေးပန်းချီပြပွဲဖြစ်ပြီး Shinning Stars Children's Art Exhibition လို့အမည်ပေးထားပါတယ်။ အသက် ခြောက်နှစ်က ၁၄ နှစ် အရွယ်ရှိ ကလေးငယ်များရဲ့ ပန်းချီကားပေါင်း ၈၀ ကျော်ပြသထားကာ တကားလျှင် ဘတ် ၃၀၀ သတ်မှတ် ရောင်းချလျက်ရှိပါတယ်။

ပန်းချီကားရောင်းချရငွေအားလုံးကို ပြန်လည်လှူဒါန်းမယ့်အကြောင်းနဲ့ ထိုင်းနိုင်ငံကို တိမ်းရှောင်လာရတဲ့ကလေးငယ်များရဲ့ ရင်တွင်းခံစားချက်ကို ပန်းချီနဲ့ပြန်လည်ပုံဖော်ဖြစ်တဲ့အကြောင်းများနဲ့ပတ်သက်ပြီး Borderline Gallery မှာပြုလုပ်တဲ့ ပွဲကို မဇ္ဈိမက သွားရောက် မေးမြန်းတင်ဆက်ထားပါတယ်။

ရိုက်ကူး / တင်ဆက် - ဂန္ဒမာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly