နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ စက်တင်ဘာ ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ စက်တင်ဘာ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

၇၈ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံကျင်းပနေစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့အရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း လူ့အခွင့်အရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ နယ်မြေဖြစ်သည့် နေပြည်တော်တွင် တိုက်ပွဲဖော်ဆောင်‌ပြီး ၊ စခန်းသိမ်း တိုက်ပွဲများ စတင်ဆင်နွှဲ နေပြီဖြစ်ကြောင်း Iron Tiger Battalion ကျားသံလုံး စစ်ကြောင်း- သံတောင် မြောက်ပိုင်း အထူးဒေသ၏ စစ်ရေး သတင်း နှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးတွေဦးဆောင်သည့် အဖွဲ့နှင့်The Elders ၏ ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့တို့အကြား နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် စက်တင်ဘာ ၂၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြန်မာလူထုအတွက် နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဖျက်ဆီး၊ ဟန့်တား၊ နှောင့်ယှက်နေသည့် စစ်ကောင်စီကို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ စက်တင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကောင်စီတပ်ကို လက်နက်နှင့် လေယာဉ်ဆီတင်သွင်းပေးနေသော ရန်ကုန်မြို့က စီးပွားရေးလုပ် ငန်းရှင် တဦး၏ရုံးခန်းကို အထူးစစ်ဆင်ရေးအနေဖြင့် ဗုံးသီးပစ်တိုက်ခိုက်သတိပေး ခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့တခုအပြောအရ သိရသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်လာရသော ကလေးများ ရေးဆွဲထားသည့် ပန်းချီကားပြပွဲအား စက်တင်ဘာလ ၂၂ ရက် ည ၇ နာရီတွင် Borderline Gallery ၌ ပြုလုပ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်အတွင်း သွားလာနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို စက်တင်ဘာ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဒရုန်းစစ်ဆင်ရေး ရှစ်ရက်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၈ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း TGR Women Drone Force-Myaung မှ သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့မှ ဆင်းလာသည့် စစ်ကောင်စီ​၏ ရေယာဉ်သင်္ဘောအုပ်စုကို ကနီ၊ယင်းမာပင်၊ဆားလင်းကြီးနှင့် ပုလဲမြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့တွင် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိ​ကြောင်း ​ဒေသခံ​တော်လှန်​ရေးအဖွဲ့များက​ ပြောသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူ-မြောင်လမ်းပေါ်ရှိ ခြေရာတော်ရွာအနီး တွင် စစ်တပ်က တော်လှန်ရေးရဲဘော် ၂၂ ဦးနှင့် ပြည်သူ ၃ ဦးကို ဖမ်းဆီး၍ အစု လိုက်အပြုံလိုက် သတ်ဖြတ်သွား ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ၃ နေရာဖြစ် ပွားပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကာ စစ် တပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိကြောင်း TNLA က သတင်း ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှ စစ်ကောင်စီ၏ ထောက်တိုင် Non-CDM တောခေါင်းတစ်ဦးကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ ပစ်ခတ်အရေးယူလိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ-၄မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကွေးတိုင်း ကမ္မမြို့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ခံများ ဘေးလွတ်ရာတိမ်းရှောင်နေစဥ် တပ်စွဲထားသော စစ်ကောင်စီတပ်များက ဈေးဆိုင်များဖောက်ထွင်းခိုးယူနေကြောင်း ​ဒေသခံများက ပြောသည်။

မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Chauk Guerilla Force(CGF) မှသိရသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး ရာထူးမှနှုတ်ထွက်သွားကြောင်း သတင်းရရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တွင် တလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးသုံးဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၉၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟို၏ ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ သတင်းထုတ်ပြန် ချက်အရ သိရသည်။

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့တောင်ဘက်ရှိ "ဒရူခ" စစ်ကောင်စီတပ် စခန်းကို ကချင်လွတ် မြောက် ရေးတပ်မတော် (KIA) နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့က တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရ မိကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက် မနည်းသေဆုံးပြီး အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ သိရသည်။

စစ်ကောင်စီ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)များရှိရာ ဒေသများတွင် လွတ်လပ်ပြီး တရားမျှတ သည့် ပါတီ စုံဒီမိုရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင် ရွက်ရန် စစ်ကောင်စီနှင့်RCSS တို့ ဆွေးနွေးခဲ့ကြကြောင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဝါဒဖြန့်လုပ်ငန်းများ၊ နိုင်ငံရေး အကောင်အထည်ဖော်မှုနှင့် လုံခြုံရေးဆိုင်ရာများလုပ်ကိုင်ရာတွင် အနီးကပ်ဆုံးသော လူယုံဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများထက်ပင် တန်ခိုးထွားနေသူမှာ ဗိုလ်မှူးကျော်ဇောရဲဖြစ်သည်ကို မဇ္ဈိမက စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ဖုန်းဆိုင်တဆိုင်တွင် အွန်လိုင်းပေါ်၌ စစ်ကောင်စီကို ဆန့်ကျင်သည့် အကြောင်းအရာများ ရေးသားဖော်ပြသည်ဟုဆိုကာ ဖုန်းဆိုင်ပိုင်ရှင်အပါအဝင် အမျိုးသား သုံးဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံက သိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ စိန်ကုန်းတိုက်နယ် သာစည်ရပ်ကွက်ရှိ ရင်သွေးရတနာ ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းပိုင်ရှင်ဖြစ်သူကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ကျောင်းကိုပါချိပ်ပိတ်သွား ကြောင်း စစ်ကိုင်းဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးအတွက် တင်ဒါလုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ၀န်ကြီး ဌာနများ၊ ဌာနဆိုင်ရာနှင့် နီးစပ်သူများသာ လုပ်ကိုင်ခွင့်ရနေကြောင်း တင်ဒါလုပ်ငန်းလုပ် ကိုင်သူထံမှ သိရသည်။

ပြည်ပတွင်နေထိုင်သူများ ဝင်ငွေ၏ ၁၀ရာခိုင်နှုန်းကို နိုင်ငံခြားငွေဖြင့် စစ်​ကောင်စီက အခွန်ကောက် မည်ဟု အာဏာသိမ်းခေါင်းဆောင်ကလက်မှတ်ထိုး၍ အခွန်ဥပဒေကို ပြင်ဆင် လိုက်သည်။

မူဆယ်နယ်စပ်ဂိတ်ကနေ မြန်မာနှင့် တရုတ်နိုင်ငံသားများနိုင်ငံကူးလက်မှတ် (Passport)ဖြင့် ဖြတ် သန်းသွားလာခွင့် ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီလဝက ဝန်ကြီး မြင့်ကြိုင်နှင့် တရုတ်တာဝန်ရှိသူ မစ္စတာ ဟူရှောင်းမင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက် သုံးသပ်ချက်

မင်းအောင်လှိုင်သည် နိုင်ငံခြားသုံးငွေဒေါ်လာ အလွန်အမင်းလိုအပ်လာသည့်အတွက် ပြည်ပ ရောက် အလုပ်သမားများ၏ လစာပြန်ပို့ငွေကို ဈေးနှုန်းနှိမ်လွဲခိုင်းသည့်အပြင် လစာအခွန်ငွေ ၁၀ ရာခိုင်နှုန်းကိုလည်း အခွန်ကောက်မည်ဟု ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက် နေသည်။

အကြမ်းဖက်စစ်တပ်သည် ပြည်တွင်း၌ပြဋ္ဌာန်းထားသည့် သုံ့ပန်းဥပဒေများနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်၍ ဖက်ဆစ်အမူအကျင့်အတိုင်း ဖမ်းမိသည့် PDF များကို အစုံအလိုက် အပြုံ လိုက်သတ်ဖြတ်လိုက်သည့်အတွက် နိုငံတကာစစ်ဥပဒေများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required