ကြက်ငှက်တုပ်ကွေး ထိန််းချုပ်နိုင်ရန် လုံခြံုရေး တိုးမြှင့်

ကြက်ငှက်တုပ်ကွေး ထိန််းချုပ်နိုင်ရန် လုံခြံုရေး တိုးမြှင့်
ကြက်တုပ်ကွေးဖြစ်ပွားခဲ့သည့် မုံရွာ မွေးမြူရေးဇုန်အတွင်း လုံခြုံရေးတိုင်းမြင့်ထားမှုကို ဧပြီ ၁၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-မာန်ဇာမြေမွန်

မုံရွာ၊ ဧပြီ ၁၉ ။             ။ ကြက်ငှက်တုပ်ကွေး ရောဂေါထိန်းချုပ်နိုင်ရန် အတွက်လုံခြုံရေးများ တိုးမြင့်ဆောင်ရွက် လျှက်ရှိကြောင်း တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန   ညွှန်ကြားရေးမှူး ဒေါက်တာမြင့်စိုးက ပြောသည်။

ကြက်မွေးမြူရေးဇုန်အတွင်းသို့ လူအဝင်အထွက်စစ်ဆေးခြင်း၊ ကြက်စာအဝင်အထွက်ကြပ်မတ်ခြင်း၊ ကြက်ဥနှင့်ကြက်သားများအဝင်အထွက် မရှိစေရေးတို့ကို စနစ်တကျ ကြပ်မတ်ဆောင်ရွက် နေကြောင်း   ၎င်းကရှင်းပြသည်။

 ဧပြီလအတွင်းက မုံရွာ ကြက်မွေးမြူရေးဇုန်အတွင်း ပုံမှန်မဟုတ်သည့် ကြက်သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီးမန္တလေးမြို့ရှိ ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ H9N2 ဗိုင်းရပ်စ် ပိုးကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဧပြီ ၁၅ ရက်က ကြက်မွေးမြူရေးဇုန်အထူးခမ်းမတွင် ကျင်းပသော တွေ့ဆုံပွဲတွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags