မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ကမ္မမြို့ပေါ်က ပြည်သူပိုင်ပစ္စည်းတွေကို ကားနဲ့ သယ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးဆိုသူတွေကို စက်တင်ဘာလ ၂၁ ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ညောင်ဂျစ်ပင်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို ညောင်ဂျစ်ပင်နဲ့ ကန်တော်ရွာကြားမှာ ဒရုန်းနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။
တည်းဖြတ် ၊ တင်ဆက် - MTO
#မကွေးတိုင်း
#ကမ္မမြို့
#စစ်ကောင်စီ
#ပျူစောထီး