မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာများတွင် ကျန်းမာရေးအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။ ယင်းဒေသသည် မြစ်၊ ချောင်းများနှင့် တောတောင်များထူထပ်နေပြီး ငှက်ဖျားနှင့် ရာသီတုပ်ကွေးများ အဖြစ်များသည့်နေရာဖြစ်ကြောင်းသိရသည်။
" တချို့ပြည်သူတွေက ဆေးရုံဆေးခန်းသွားလို့မရတဲ့ အခြေနေဆိုတော့ သူတို့မှာ ဆေးကုသဖို့ အခက်ခဲရှိတယ် ၊ အခု ရှစ်လပိုင်းနဲ့ ကိုးလပိုင်းအထိကို ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတာ ကျေးရွာ ခြောက်ရွာ လူဦးရေ ၁၂၀ကျော်တယ်ပေါ့၊ ကျနော်တို့က ကျနော်တို့တပ်အတွက်ပဲ ဆေးဝါးစုဆောင်းတာဆိုတော့ အခုက အရပ်သားတွေက ဆေးလာကုသတာဆိုတော့ ဆေးဝါးခက်ခဲတာ ရှိတယ်ပေါ့"ဟု ဒေါနစစ်ကြောင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဆေးဝါးလိုအပ်ချက်တွင် ကလေးလူနာအတွက် အရေးပေါ်လိုအပ်နေကြောင်းသိရသည်။ ဒေါနစစ်ကြောင်းဆေးတပ်ဖွဲ့မှ ယင်းဒေသတွင် အခြေခံကျန်းမာရေး လိုအပ်ချက် အသိပညာပေးမှုများပြုလုပ်လျက်ရှိသည်။
စာတည်း- သန့်ဇော်(သန်လျင်)