၈၈ ကျောင်းသားဟောင်း ဦးဇော်ဇော်မင်း အသဲရောဂါဖြင့် ကွယ်လွန်

By ဂန္ဒမာ(မဇ္ဈိမ)
22 September 2023
၈၈ ကျောင်းသားဟောင်း ဦးဇော်ဇော်မင်း အသဲရောဂါဖြင့် ကွယ်လွန်

ရန်ကုန်တိုင်း စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝ ခေါ် ကိုဒီငြိမ်းလင်း၏ ဖခင်ဖြစ်သူ ၈၈ ကျောင်းသားဟောင်း ဦးဇော်ဇော်မင်း သည် ယမန်နေ့ စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းအချိန်က လွတ်မြောက်နယ်မြေတနေရာ၌ အသဲရောဂါဖြင့် ကွယ်လွန်သွားကြောင်း မိသားစုထံက သိရသည်။

"သူက အသည်းရောဂါနဲ့ဆုံးတာပါ။ ဆေးရုံကဆင်းလာပြီး အိမ်ပြန်ရောက်တော့ ဆုံးတာ။ အိမ်ကိုလွမ်းတဲ့စိတ်တွေလည်းပါတယ်”ဟု မိသားစုဝင်တဦးက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာ ၁၇ ရက်က ဆေးရုံတင်ကုသခဲ့သော်လည်း စက်တင်ဘာလ ၂၁ ရက်တွင် နေအိမ်၌ ဆုံးပါးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသက်ဦး(Thet Oo)၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် "ကိုဒီငြိမ်းလင်းဖခင် ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဇော်မင်းဆုံးတယ်လို့ကြားသိရပါတယ်” ဟု  ရေးသားထားသည်။

သေဆုံးချိန်တွင် အသက် (၆၃) နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့တွင် အသုဘအစီအစဉ် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly