ကျနော့်ကြောင့် မန်ချက်စတာယူနိုက်တက်က ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တာပါ - အန်ဒရေ အိုနာနာ

By By PKThawn
21 September 2023
ကျနော့်ကြောင့် မန်ချက်စတာယူနိုက်တက်က ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တာပါ - အန်ဒရေ အိုနာနာ

အသင်းရဲ့ ဂိုးသမား အန်ဒရီ အိုနာနာက သူ့အနေနဲ့ "အသင်းကို ဆွဲချခဲ့"ကြောင်းနဲ့ သူတို့ဟာ ဘိုင်ယန်မြူးနစ်မှာ “သူ့ကြောင့်” ရလဒ်မကောင်းခဲ့ကြောင်း ပြောပါတယ်။

ဂျာမနီမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အိုနာနာရဲ့ အမှားက ဘိုင်ယန်မြူးနစ်အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ပေးခဲ့ပါတယ်။ အဲဒီဂိုးကြောင့်ပဲ ဘိုင်ယန်တို့ နောက်တဂိုး လျင်လျင်မြန်မြန် သွင်းယူသွားခဲ့ပါတယ်။ ယူနိုက်တက်က နောက်ကနေ လိုက်ကစားခဲ့ရပြီး ပွဲအပြီးမှာတော့ ၄-၃ ဂိုးရလဒ်နဲ့ ရှုံးခဲ့ပါတယ်။

"ဒါက ဂိုးသမားတယောက်ရဲ့ဘဝပါပဲ"လို့ အိုနာနာက TNT Sports ကို ပြောခဲ့ပါတယ်။

"ဒါက ခက်ခဲပါတယ်။ ကျနော်တို့ ကောင်းကောင်း စတင်ခဲ့တယ်။ ကျနော် အမှားလုပ်မိပြီးနောက်မှာ ကျနော်တို့ ပွဲကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးခဲ့ပါတယ်။ အထူးသဖြင့် ကျနော်ဟာ အသင်းကို ဆွဲချခဲ့သူ တယောက်ဖြစ်လို့ ကျနော်တို့အတွက် ခက်ခဲတဲ့ အခြေအနေတခုပါ။

"ကျနော်တို့ဟာ ဘောလုံးကိုင်တွယ်ရာမှာ အရမ်းကောင်းခဲ့ပါတယ်၊ သူတို့ဟာ ဘာအခွင့်အရေးတွေကိုမှ မဖန်တီးနိုင်ခဲ့ပါဘူး၊ သူတို့ရဲ့ ပထမဆုံး ဂိုးကန်သွင်းတာကို ကျနော် အမှားလုပ်မိခဲ့တယ်။ ဒါက အဓိက အချက်ဖြစ်ပြီး ဒီအမှားကြောင့် အသင်း ပြိုဆင်းသွားခဲ့ပါတယ်။

“ကျနော်တို့ ဒီနေ့ နိုင်ပွဲမရခဲ့ရင် အဲဒါက ကျနော့်ကြောင့်ပါ။

"ကျနော် ဒီကနေ သင်ယူပြီး သန်မာဖို့ လိုပါတယ်။ ကျနော် သက်သေပြစရာတွေ အများကြီး ရှိပါတယ်။ မန်ချက်စတာမှာ ကျနော်ရဲ့ စတင်မှုက အရမ်း မကောင်းခဲ့သလို ကျနော် လိုချင်သလို မဟုတ်ပါဘူး၊ ဒါက ကျနော်ရဲ့ အဆိုးဆုံး ပွဲတွေထဲက တပွဲပါ။"

Ref; BBC
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly