ရက်ဖို့ဒ်မှာ မန်ယူအသင်းတွင် သမိုင်းရေးထိုးနိုင်မည့် ကစားသမားဟု ဒီဂီယာ ချီးကျုး

ရက်ဖို့ဒ်မှာ မန်ယူအသင်းတွင် သမိုင်းရေးထိုးနိုင်မည့် ကစားသမားဟု ဒီဂီယာ ချီးကျုး

ဧပြီ ၁၈၊ မန်ချက်စတာ ။               ။ မန်ယူလူငယ်တိုက်စစ်မှူး ရက်ဖို့ဒ်မှာ မန်ယူအသင်းတွင် သမိုင်းသစ်ရေးထိုးနိုင်မည့် ကစားသမားဖြစ်သည်ဟု အသင်းဖော် ဒီဂီယာက ချီးကျုးခဲ့သည်။

အသက် ၁၈နှစ်အရွယ် ရက်ဖို့ဒ်ကို လွန်ခဲ့သည့်နှစ်လက မည်သူမှ သိရှိခြင်းမရှိသော်လည်း မန်ယူအသင်းအတွက် ၁၂ပွဲတွင် ၇ဂိုးအထိသွင်းယူနိုင်ခဲ့သည်။ ရက်ဖို့ဒ်က တကယ့်ကို ငယ်ရွယ်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ဂိုးအများအပြားသွင်းထားနိုင်သူပါ။ သူ မန်ယူမှာ သမိုင်းသစ်ရေးထိုးနိုင်ပါလိမ့်မယ်။ သူက တကယ့်ကိုတောက်ပပြီး အသင်းဖော်ကောင်းတစ်ဦးပါ။ ဟု ဒီဂီယာကဆိုသည်။

ရက်ဖို့ဒ်မှာ မန်ယူအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး အင်္ဂလန်ယူ-၁၆၊ ယူ-၁၈၊ ယူ-၂၀ အသင်းများတွင်လည်း ကစားဖူးသည်။ ၎င်းမှာ မန်ယူအသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုရခြင်း မရှိသေးသလို အသင်းအဝတ်လဲခန်းကိုလည်း အသုံးပြုခွင့်မရသေးသည့် ကစားသမား ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly