နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ စက်တင်ဘာ ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ စက်တင်ဘာ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ တပ်ရင်း(၃) နယ်မြေအတွင်းမှာ ရှိသည့် အကြမ်းဖက် စစစ်ကောင်စီ လက်အောက်ခံ BGFနတ်ကြီးစခန်းကို KNLAနှင့် အတူ Federal Wingsဒရုန်းအဖွဲ့က ဗုံးကျဲ တိုက်ခိုက် ခဲ့ကြောင်း Federal Wingsက ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး ပွဲအစည်း အဝေး (၁၈/၂၀၂၃)ကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ရေး လှုပ်ရှားမှုများ

ရိုဟင်ဂျာ လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းအား ဖြေရှင်းရန် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC နှင့် အာဆီယံတို့ ပူးပေါင်းဆောင်ရွက်ရန် မလေးရှားက တိုက်တွန်းသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမအနီးရှိ လမ်းဆုံတွင် ကင်းပုန်းယူနေ သည့် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးခဲ့ကြောင်း တောကျီးကန်းစစ် ကြောင်း ပြန် ကြားရေးမှ သိရသည်။

မြန်မာစစ်တပ်ကို ဆိုနာ အသံလှိုင်းသုံးရှာဖွေရေးစနစ်တစ်ခုနဲ့ စစ်တမ်းကောက်ယူရေး ဒရုန်းတွေ တရားမဝင်ရောင်းချခဲ့တဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးကို ဒဏ်ငွေတွေပေးဆောင်ဖို့ စင်ကာပူတရားရုံးက စက်တင်ဘာ ၁၉ ရက်နေ့က အမိန့်ချလိုက်သည်။

ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ပြင်ပ ဆရာဝန် နှင့် ချက်ချင်းဆေးကုသခွင့်ပေးဖို့ မလေးရှားလွှတ်တော်အမတ် အယောက် ၁၃ဝ ကျော် ကတောင်းဆိုလိုက်သည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား လေးဦးသေဆုံးကြောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF – Tamu) တပ်ရင်း (၄) ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်ကောင်စီ၏ အမြန်ရေယာဥ်တစ်စီးနစ်မြုပ်မှုအတွင်း စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးမိသားစုဝင် အများအပြားသေဆုံးမှုရှိကြောင်း အဆိုပါဒေသ အခြေစိုက် တော်လှန်ရေးအဖွဲ့များက ပြောသည်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ဆက်လက်ခန့် ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်​ကြောင်း ထိုးနေသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မကွေးတိုင်း၊ ချောက်မြို့တွင် ပြည်သူများအား မတရားအခွန်ကောက်ခံနေသည့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့ရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း Chauk Guerilla Force(CGF) အဖွဲ့က ဗိုလ်ပေတမှ ပြောသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ညောင်ပင်သာရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း - NRDF ထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

မိုးကုတ်၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် စက်တင်ဘာ ၁၉ရက်က အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲ ၇ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က သေဆုံးထိခိုက်များခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) က သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ ဝေါ်လေမြို့အခြေစိုက် တပ်မ (၄၄) လက်အောက်ခံတပ်မှ စစ်သားနှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU)က သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများအတွင်းရှိ အမျိုးသမီးစစ်ဘေးရှောင် များအနေဖြင့် လစဉ်ဓမ္မတာကိစ္စအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု များစွာလိုအပ်နေကြောင်း ကရင် အမျိုးသမီးအစည်းအရုံး(KWO)မှ သိရသည်။

စစ်ကောင်စီ

စစ်ကောင်စီတပ်၏ လက်နက်နှင့် ရိက္ခာတင် သင်္ဘောများ ကချင်ပြည်နယ် ရွှေကူမြို့တွင် ဆိုက်ကပ် ထားဆဲ ဖြစ်ကြောင်း ရွှေကူဒေသခံတွေထံက သိရသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းကျေးရွာတွင် စက်တင်ဘာလ ၁၉ ရက် နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ သံဃာနှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ဆီဒိုးနားဟိုတယ်အပါအ၀င် ခရီးသွားအေဂျင်စီ ကုမ္ပဏီအများစုကို နိုင်ငံခြားငွေကိုင် ဆောင်ခွင့် ရုပ်သိမ်း လိုက်သည်ဟု စစ်ကောင်စီ ပြန်ကြားရေး၀န်ကြီးဌာန သတင်းစာများတွင် ဖော်ပြထားသည်။

ယင်းတမြို့၊ စည်ပင်ရုံးရှေ့၌ စက်တင်ဘာလ ၂၀ ရက် နံနက် ၉ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား၊ လက်အောက်ခံ ပြည်သူ့စစ်များမှ လမ်းပိုင်း ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်းသိရသည်။

အင်ဒိုနီးရှားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စစ်တပ်များ၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှား နိုင်ငံမှာ စက်တင်ဘာ ၁၉ မှာ စတင်ခဲ့ရာ စစ်ကောင်စီဘက်မှ ကိုယ်စားလှယ် တက်ရောက်ခဲ့သည်။

စက်တင်ဘာ ၂၀ ရက် သုံးသပ်ချက်

စစ်ကောင်စီသည် ဒေါ်လာကို ၎င်းတို့စစ်အုပ်စုသာ  ချုပ်ကိုင်ချင်တာကြောင့် နိုင်ငံတွင်းက ဒေါ်လာအရောင်းအဝယ်ကောင်များအားလုံးပိတ်သိမ်းလာနိုင်ဖွယ်ရှိနေသည်။

စစ်ကောင်စီသည် အချင်းချင်း အဝေမတည့်၍ ပြန်ဖမ်းဆီးနေသလို စီးပွားရေး စစ်ရေးများတွင်လည်း ရှုံးနိမ့်ကာ ဖရိုဖရဲဖြစ်နေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required