ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာများတွင် ဗိုလ်ချုပ်မြထွန်းဦး အစားထိုး

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာများတွင် ဗိုလ်ချုပ်မြထွန်းဦး အစားထိုး

အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံ‌နေရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ ကော်မတဥက္ကဋ္ဌ နေရာများတွင် ဗိုလ်ချုပ်မြထွန်းဦး တာဝန်ယူလိုက် ‌ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဥက္ကဋ္ဌ တာဝန်ယူထားသည့် ကော်မတီများမှာ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၊ နိုင်ငံ ခြား ရင်းနှီးမြုပ်နှံမှု ကော်မရှင်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်‌စေ‌ရေးကော်မတီတို့ ဖြစ်သည်။

ယင်းကော်မတီများမှာ စစ်ကောင်စီအတွက် နိုင်ငံခြား‌ငွေ အဓိကရှာဖွေပေးသည့် ကော်မတီများလည်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကော်မတီများတွင် သူ၏ လက်ရုံးဟု သတ်မှတ်ထားသည့် မိုးမြင့်ထွန်းအား တာဝန်ယူစေခဲ့ သော်လည်း  အကျင့်ပျက်ခြစားမှုဖြင့် ယခုတွင် အရေးယူခံရခြင်းဖြစ် သည်။

အကျင့်ပျက်လာဘ်စားမှုဖြင့် စစ်ဆေးခံနေရသော စစ်ကောင်စီဝင် မိုးမြင့်ထွန်း၏ အဆောင်အယောင်များနှင့် ကားများကို သိမ်းလိုက်ပြီဖြစ်ပြီး ၎င်းနှင့်ရင်းနှီးသူ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း နေပြည်တော် သတင်းရင်းမြစ်တခုအရ သိရသည်။

သွင်းကုန်ကိစ္စ၊ ဒေါ်လာကိစ္စများနှင့်ဆက်နွှယ်ပြီး နေပြည်တော်နှင့် ရန်ကုန်တို့မှ လုပ်ငန်းရှင်များကို ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် မိုးမြင့်ထွန်းကို လာဘ်ပေးရကြောင်းပေါ်ပေါက်ပြီးနောက် ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ပေါ်လာခဲ့သည်။

ထို့ပြင် မိုးမြင့်ထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ်(၃၀)အတူ တက်ရောက်ခဲ့သော စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ခေါ်ယူစစ်ဆေးခံနေရသည်ဟု ဆိုသည်။

အာဏာမသိမ်းခင်က ရာထူးတက်မှန်ခဲ့သော မိုးမြင့်ထွန်းမှာ တချိန်တွင် မင်းအောင်လှိုင်နေရာကိုဆက်ခံမည့်သူအဖြစ် တစ်ပေးခံခဲ့ရသူလည်းဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required