မင်းကင်း၌ စက်လှေနစ်မြုပ်၍ လူ ဒါဇင်များစွာ ပျောက်ဆုံးနေ 

မင်းကင်း၌ စက်လှေနစ်မြုပ်၍ လူ ဒါဇင်များစွာ ပျောက်ဆုံးနေ 

မြန်မာနိုင်ငံ မြောက်ပိုင်း ချင်းတွင်းမြစ်အတွင်း ခရီးသည် ရာနှင့်ချီကာ တင်ဆောင်လာသော စက်လှေတစင်း အင်္ဂါနေ့ နံနက်ပိုင်းက နစ်မြုပ်ရာတွင် လူဒါဇင်များစွာ ပျောက်ဆုံးလျက် ရှိသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နား ချင်းတွင်းမြစ်တွင် အဆိုပါ စက်လှေသည် နံနက် ၁၀ နာရီဝန်းကျင်က နစ်မြုပ်ခြင်း ဖြစ်သည်။ 

ရှာဖွေရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး ပျောက်ဆုံးနေသူများကို စာရင်းပြုစုလျက် ရှိကြောင်း ဒေသသယ်ယူပို့ဆောင်ရေးဝန်ကြီးနှင့် နီးစပ်သော သတင်းရင်းမြစ်ကို ကိုးကားပြီး မီဒီယာက ဖော်ပြသည်။ 

မင်းကင်းမြို့နယ်၌ စက်လှေတစင်း နစ်မြုပ်ကြောင်းကို စစ်ကောင်စီအား ထောက်ခံသည့် တယ်လီဂရမ်တခုက အသေးစိတ် မဆိုဘဲ ဖော်ပြသည်။ 

စစ်ကောင်စီ ပြောခွင့်ရသူအား ထင်မြင်ချက်ပေးရန် မေးမြန်းထားသည်။ 

စစ်ကိုင်းတိုင်းသည် စစ်တပ်၏ ၂၀၂၁ အာဏာသိမ်းမှုကို တော်လှန်ရာ အဓိကနယ်မြေဖြစ်ပြီး အာဏာသိမ်းမှု ဆန့်ကျင်သည့် တိုက်ခိုက်ရေးသမားများနှင့် စစ်ကောင်စီတပ်များ ထိပ်တိုက်တွေ့မှုများ ဖြစ်နေသည်။ 

မြန်မာကမ်းရိုးတန်းနှင့် မြစ်ချောင်းများတွင် ခရီးသည် ပို့ဆောင်သော ရေယာဉ်များသည် အန္တရာယ် ရှိလောက်အောင် လူအပြည့်အသိပ် တင်ခြင်းနှင့် မတော်တဆမှုများ ဖြစ်ပွားပြီး သေဆုံးမှုများ ရှိသည်။ 

၂၀၁၆ ခုနှစ်အတွင်းက မြန်မာနိုင်ငံအလယ်ပိုင်း ချင်းတွင်းမြစ်၌ ဝန်ပိုတင်သော ရေယာဉ် နစ်မြုပ်မှုကြောင့် ဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူများ အများစုအပါအဝင် လူပေါင်း ၇၃ ဦး သေဆုံးခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly